
ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၁၂ ရက်
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ်ပိုင်မြန်မာဘီယာစက်ရုံ ယနေ့ ညပိုင်းအချိန်တွင် ရှော့တိုက်ဒုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရသည်။
ယနေ့ အောက်တိုဘာ ၁၂ ရက် ည ၇ နာရီကျော်အချိန် ခန့်တွင် အမှတ် ၃ လမ်းမကြီးပေါ်ရှိ စစ်တပ်ပိုင်မြန် မာဘီယာစက်ရုံကို ၁၀၇ မမရှော့တိုက်ဒုံးနှစ်လုံးဖြင့် မြို့ ပြပြောက်ကျားအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“စစ်ဆင်ရေးတစ်ခုအနေနဲ့ တိုက်ခိုက်ခဲ့တာပါ။ အထိ အခိုက်ရှိတယ်ကြားတယ်။ လူနာတင်ယာဉ်တွေ၀င် သွားတယ်လို့ သိရတယ်။ စစ်တပ်ရဲ့ အကြီးစား ထောက်တိုင်တွေကို အဓိကထားတိုက်ခိုက်မှာပါ”ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့၀င် ရဲဘော်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
တိုက်ခိုက်မှုကို မည်သည့်အဖွဲ့မှ ပြုလုပ်သည်ကို လုံခြုံ ရေးအရ ပြောကြားလိုခြင်းမရှိသေးဘဲ သီးခြားထုတ် ပြန်သွားမည်ဟု ဆိုသည်။
ထိုသို့ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အမှတ် ၃ လမ်းမကြီးနှင့် ထောက်ကြန့်လမ်းသစ်ရှိ ဂိတ်မျာတွင် သေနတ်များကို ရမ်းသမ်းပစ်ဖောက်၍ ဆိုင်ကယ်များကို တားဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ ကြကြောင်း ဒေသခံများထံက သိရသည်။
ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး သီးခြားအတည်ပြု နိုင်ရန် ဧရာ၀တီတိုင်းမ်သတင်းဌာန အနေဖြင့် ဆက် လက်စုံစမ်းလျက်ရှိသည်။
ဓာတ်ပုံ-ပုံဟောင်းပြန်လည်အသုံးပြုထားသည်။
#မြန်မာဘီယာ #စက်ရုံ #ရှော့တိုက်ဒုံး #တိုက်ခိုက်ခံရ
#Ayeyarwaddy_Times