ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၂ ရက်

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဟားမာစ်အဖွဲ့ကို တိုက်ခိုက်ဖို့ အရေးပေါ်အစိုးရတစ်ရပ် ဖွဲ့ စည်းခဲ့ပြီး ပြီးခဲ့တဲ့အပတ် တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ကို အမြစ်ပြတ်ချေမှုန်းပစ် ဖို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးက ကတိပြုပါတယ်။

ခေါင်းဆောင်နှစ်ဉီးနဲ့ ကာကွယ်ရေးဝန်ကြီး Yoav Gallant တို့ ပါဝင်တဲ့ အရေးပေါ်အစိုးရတစ်ရပ် ဖွဲ့စည်း ဖို့ သဘောတူခဲ့တယ်လို့ နေတန်ယာဟုနဲ့ ဗဟိုယိမ်း အတိုက်အခံပါတီခေါင်းဆောင် ဘင်နီဂန့်ဇ်တို့က ပူးတွဲ ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အစ္စရေးနိုင်ငံရဲ့ကံကြမ္မာက မိမိတို့အပေါ် မူတည်နေတာကြောင့် သဘောထားကွဲလွဲမှုတွေကို ဘေးဖယ် ထားခဲ့တယ်လို့ နေတန်ယာဟုက ရုပ်သံမှတ်ချက်အတွင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ISIS အဖွဲ့ထက်ဆိုးတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ရန်သူကို ကျွန်တော်တို့ တိုက်ခိုက်နေတာပါ” လို့ နေတန် ယာဟုနဲ့ ဘင်နီဂန့်ဇ်တို့က ပြောပါတယ်။

“ကျွန်တော်တို့ ဟားမာစ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းပစ်မှာဖြစ်ပါတယ်” လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant က ဆိုပါတယ်။

အတူပူးပေါင်းပြီး အနိုင်ယူရမယ့်အချိန်ရောက်ပြီလို့ အစ္စရေး စစ်ဉီးစီးချုပ်ဟောင်းနဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဘင်နီဂန့်ဇ်က ပြောပါတယ်။ “ငြိမ်းချမ်းရေးယူရမယ့်အချိန်နဲ့ စစ်တိုက်ရမယ့်အချိန်ဆိုပြီး ရှိပါတယ်။ အခုက စစ် တိုက်ရမယ့်အချိန်ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ဂါဇာဒေသရှိ ဟားမာစ်အဖွဲ့နဲ့ တိုက်ခိုက်နေချိန်မှာ အရေးပေါ်အစိုးရက မလိုလားအပ်တဲ့မူဝါဒ သို့မဟုတ် ဉပဒေတွေ မပြဌာန်းဘူးလို့ နေတန်ယာဟုနဲ့ ဘင်နီဂန့်ဇ်က ပူးတွဲထုတ်ပြန်ချက်အတွင်း ပြောပါတယ်။

ကိုးကား – Asia One
Ref; Israel’s new war cabinet vows to wipe out Hamas off the earth

#Ayeyarwaddy_Times