
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၁ ရက်
ပါလက်စတိုင်း စစ်သွေးကြွတွေ အစ္စရေးနိုင်ငံထဲသို့ ဘယ်လို ဝင်ရောက်ခဲ့တယ်ဆိုတာကို ဟားမာစ်အဖွဲ့ရဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ အယ်လ်ကွစ်ဆမ်တပ်မဟာတွေက လူမှုကွန်ရက်တွေမှာတင်တဲ့ ရုပ်သံဖိုင်တွေက ပြသ နေပါတယ်။
ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမာစ်က ပြီးခဲ့တဲ့စနေနေ့ ဒေသစံတော်ချိန် ၆ နာရီ ၃၀ မိနစ်မှာ ဂါဇာ ကမ်းမြှောင်ဒေသမှ ဒုံးပျံတွေနဲ့ ရုတ်တရက် တိုက်ခိုက်မှု စတင်ခဲ့ပါတယ်။
ဒုံးပျံ ၅၀၀၀ ကျော် ပစ်လွှတ်ခဲ့တယ်လို့ ဂါဇာကမ်းမြှောင်ဒေသကို ထိန်းချုပ်ထားတဲ့ ဟားမာစ်အဖွဲ့က ပြောပေမယ့် ဒုံးပျံ ၂၂၀၀ ကျော် ပစ်လွှတ်ခဲ့တယ်လို့ အစ္စရေးက ဆိုပါတယ်။
အစ္စရေးနိုင်ငံဘက်ခြမ်းကို ဟားမာစ်တိုက်ခိုက်ရေးသမားတွေ စိမ့်ဝင်ထိုးဖောက်မှုနဲ့အတူ ရုတ်တရက် တိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အစ္စရေးနဲ့ဂါဇာဒေသကို နယ်နိမိတ်ပိုင်းခြားထားတဲ့ ကွန်ကရိတံတိုင်းတစ်ခုပေါ်မှာ ဟားမာစ်တိုက်ခိုက် ရေးသမားတွေက စက်တပ်လေထီးတွေစီးပြီး ဝင်ရောက်ပုံကို ရုပ်သံဖိုင်တစ်ခုက ပြသပါတယ်။ အဆိုပါတံတိုင်းကို အစ္စရေးနိုင်ငံက တည်ဆောက်ခဲ့တာပါ။
နောက်ထပ် ရုပ်သံဖိုင်တစ်ခုမှာတော့ နယ်စပ်တံတိုင်းမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားကာ တိုက် ပွဲပြင်းထန်နေချိန် အီရက်ဇ်စစ်ဆေးရေးဂိတ်မှတစ်ဆင့် ဟားမာစ် တိုက်ခိုက်ရေးသမားတွေ ဝင်ရောက်လာတာကို မြင်တွေ့ရပါတယ်။
တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုမှာတော့ ဟားမာစ် တိုက်ခိုက်ရေးသမားတွေက ပင်လယ် ပြင်မှာ လှေတစ်စင်းနဲ့ ချီတက်နေတာကို ပြသပါတယ်။
အစ္စရေးနိုင်ငံအတွင်းသို့ ပါလက်စတိုင်းစစ်သွေးကြီး ၁၀၀၀ ခန့် စိမ့်ဝင်ထိုးဖောက်ခဲ့ပြီး နယ်စပ်အနီးရှိ ဂီ တဖျော်ဖြေပွဲတစ်ခုမှာရှိတဲ့ ပြည်သူတွေိကို တိုက်ခိုက်ခဲ့တာကြောင့် လူ ၂၆၀ သေဆုံးခဲ့တယ်လို့ အစ္စရေး အာဏာ ပိုင်တွေက ပြောပါတယ်။
အစ္စရေး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နဲ့ အရပ်သားတွေကို ဓားစားခံအဖြစ် ဂါဇာကမ်းမြှောင်ဒေသသို့ ခေါ် ဆောင်သွားခဲ့တယ်လို့ အစ္စရေး တာဝန်ရှိသူတွေက ပြောပါတယ်။ အစ္စရေးနိုင်ငံသား ၁၀၀ ကျော်ကို ဓားစားခံအ ဖြစ် ဖမ်းဆီးထားတယ်လို့ ဟားမာစ်အဖွဲ့က ပြောပါတယ်။
ကိုးကား – NHK
Ref; Hamas videos show militants infiltrating on land, from the air and sea