
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၁ ရက်
အရပ်သားအများအပြား သေဆုံးမှုဖြစ်စေခဲ့တဲ့ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုအ ပေါ် မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုကို အမေရိကန်နိုင်ငံက ရှုတ်ချလိုက်ပါတယ်။
တရုတ်နယ်စပ်အနီး မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းအပေါ် မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု ကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူ ၂၉ ဉီး သေဆုံးခဲ့ပြီး ၆၀ ခန့် ဒဏ်ရာရရှိခဲ့ပါတယ်။
“အောက်တိုဘာလ ၉ ရက်က ကချင်ပြည်နယ် မုန်လိုင်ခက်ကျေးရွာအနီး စစ်ဘေးရှောင်စခန်းတစ်ခုအ ပေါ် မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးနဲ့ တိုက်ခိုက်မှုအပေါ် အမေရိကန်နိုင်ငံက အလွန်အမင်း စိုးရိမ်ပါတယ်”လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူထောင်နဲ့ချီ သတ်ဖြတ်ခဲ့တဲ့ မြန်မာစစ်တပ် ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ဒေသတွင်း အဆိုးရွားဆုံး လူသားချင်းစာနာမှု အကျပ်အတည်းတစ်ရပ်ဖြစ်စေ တဲ့ လုပ်ရပ်တွေကို အမေရိကန်နိုင်ငံက အပြင်းအထန် ရှုတ်ချပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
ယခုတိုက်ခိုက်မှုမှာ တိုင်းပြည်တစ်ဝှမ်း တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်စေတဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း အရပ်သားသေဆုံးမှု အများ ဆုံးဖြစ်ပေါ်တဲ့ တိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။
KIA ထိန်းချုပ်ထားတဲ့ လိုင်ဇာမြို့နဲ့ ၃ မိုင်သာကွာဝေးတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုကို မြန်မာစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တေွ ထိမှန်ခဲ့တာလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
လိုင်ဇာမြို့ဟာ တရုတ်နယ်စပ်နဲ့နီးကပ်ပြီး ပတ်ဝန်းကျင်မှာ အရပ်သားအများအပြား နေထိုင်တဲ့ စစ်ရှောင် စခန်းတွေ ရှိတယ်လို့ သိရပါတယ်။
ကိုးကား – Reuters
Ref; US condemns Myanmar refugee camp strike, calls it ‘military attack’