ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၁ ရက်

ဧရာဝတီတိုင်းတွင် စက်တင်ဘာလအတွင်း မြစ်ရေတိုက်စားပြီးကမ်းပါးပြိုကျမှုကြောင့် နေအိမ်၂၆၀ နှင့် မူလတန်းကျောင်းတစ်ကျောင်းအရေးပေါ်ရွှေ့ပြောင်းခဲ့ရကြောင်းတိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှသိရှိရသည်။

စက်တင်ဘာလအတွင်း မအူပင်၊ ညောင်တုန်း၊ ပန်းတနော် ဇလွန်မြို့နယ်နှင့် ဟင်္သာတမြို့နယ်အတွင်းက လူနေအိမ် ၂၆၀ လုံးအရေးပေါ်ရွှေ့ပြောင်းခဲ့ရကြောင်းတိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက သိရှိရသည်။

“မြစ်ရေတိုက်စားလာလို့ အရေးပေါ် ဖျက်ခိုင်းလိုက်တာ၊ ဖျက်ရတဲ့အိမ်တွေကိုတော့ထောက်ပံမှုတွေတော့လုပ်ပေးထားတယ်။ လူနဲ့တိရိစ္ဆာန်သေဆုံးထိခိုက်မှုမရှိပါဘူး”ဟု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းတဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စက်တင်ဘာလအတွင်း ရာဇူးတိုင်မြစ်ရေတိုက်စားမှုကြောင့် မအူပင်မြို့နယ်အတွင်းကနေအိမ်များ ဧရာ၀တီမြစ်ရေတိုက်စားမှုကြောင် ဇလွန်မြို့နယ်နှင့် ပန်းတနော်မြို့နယ်တွင် နေအိမ်များနှင့် တိုးမြစ်ရေတိုက်စားမှုကြောင့် ညောင်တုန်းမြို့နယ်ရှိ နေအိမ်များ ရွှေ့ပြောင်းခဲ့ရကြောင်းတိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၏စာရင်းများအရသိရှိရသည်။

လက်ရှိတွင် နေအိမ်ဖျက်သိမ်းပြီး ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးခဲ့ရ​သည့် မိသားစု များမှာလက်ရှိတွင်နီးစပ်ရာဆွေမျိုးနေအိမ်နှင့် ဘုန်းကြီးကျောင်း စာသင်ကျောင်းများတွင်ယာယီနေထိုင်နေကြောင်းသိရှိရသည်။

#ဧရာဝတီတိုင်း #မြစ်ကမ်းပါးပြိုကျမှု #နေအိမ်ရွှေ့ပြောင်း #စစ်ကောင်စီတပ် #Ayeyarwaddy_Times