ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၁ ရက်
မန္တလေးမြို့ ရတနာပုံတက္ကသိုလ်မှ CDM ပြည်သူ့ဝန်ထမ်း ၁၈၆ ဦးအား ယာယီတက္ကသိုလ်ကောင်စီမှ ကျပ်ငွေ ၃၇ သိန်းကျော် ချီးမြှင့်ထောက်ပံ့ခဲ့တယ်လို့ ယနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
ရတနာပုံတက္ကသိုလ် CDM ပြည်သူ့ဝန်ထမ်းများအတွက် ယခုနှစ် မေလနှင့် ဇွန်လ အတွက် ထောက်ပံ့ငွေများကို ရတနာပုံတက္ကသိုလ် CDM အထောက်အကူပြုကော်မတီနှင့် ရတနာပုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂတို့ ပူးပေါင်းပြုလုပ်သော “ပိတောက်လမ်း Ticket” လှုပ်ရှားမှု၊ CDM အထောက်အကူပြုအဖွဲ့ – မန္တလေး (CSTM)နှင့် “ပြည်သူဖေးကူ ၃၀၀၀လှူ”လှုပ်ရှားမှုတို့၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ရတနာပုံတက္ကသိုလ် ပြည်သူ့ ဝန်ထမ်းများ အတွက် ထောက်ပံ့ငွေအသီးသီး ချီးမြှင့်လွှဲအပ်ခဲ့တယ်လို့ ရေးသား ထုတ်ပြန်ထားပါတယ်။
သင်ကြားရေး ဆရာ/ဆရာမ ၅၂ဦး၊ စီမံရေးရာဝန်ထမ်း ၁၃၄ဦး တို့ အား တစ်ဦးလျှင် ၂၀၀၀၀ ကျပ်ဖြင့် ထေက်ပံ့ခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။