ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၁ ရက်

နိုင်ငံရေးအကျပ်အတည်းဖြေရှင်းဖို့ မြန်မာနိုင်ငံကို ကူညီရာမှာ အာဆီယံရဲ့ စည်းလုံးညီညွတ်မှုကို အထိအ ခိုက်ခံမှာမဟုတ်ဖူးလို့ အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ခ်ဆိုခွန်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့ ကစဉ့်ကလျားအခြေအနေကို ဖြေရှင်းရာ မှာ ကြိုးပမ်းမှုတွေအားလုံးကို လေးစားသမှုရှိဖို့ စင်ကာပူရှိ ISEAS – Yusof Ishak Institute ကပြုလုပ်တဲ့ အွန် လိုင်းဆွေးနွေးပွဲတစ်ခုအတွင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ပရတ်ခ်ဆိုခွန်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်း ရေးဆွဲခဲ့တဲ့ လမ်းညွှန်မြေပုံတစ်ခုကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှု မရှိတဲ့အတွက် မြန်မာစစ်ကောင်စီကို အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံအဖွဲ့က ဝေဖန်နေပါတယ်။

ရွေးကောက်ခံလွှတ်တော်အမတ်တွေ၊ မဟာမိတ်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ NUG က တရားဝင်မှုရရှိဖို့ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေပါတယ်။ အာဏာသိမ်းစစ်တပ်ကလည်း ထောင်ချီတဲ့ နိုင်ငံရေးအကျဉ်းသား တွေနဲ့အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းထားပါတယ်။

စက်တင်ဘာလမှာကုန်ဆုံးမယ့် ဒီနှစ်ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့စီးပွားရေးက ၃ ရာခိုင်နှုန်းသာ တိုး တက်မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နိုင်ငံခြားရေးဝန် ကြီး ဝဏ္ဏမောင်လွင်တို့ကို အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ အဆင့်မြင့်အစည်းအဝေးတွေ တက်ရောက်ခွင့်မပြုပါ ဘူး။

NUG နဲ့ ပွင့်ပွင့်လင်းလင်း ထိတွေ့ဆက်ဆံဖို့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေရဲ့ ထပ်တလဲလဲ တောင်း ဆိုမှုတွေနဲ့ပတ်သက်လို့ နိုင်ငံရေးဆွေးနွေးမှုစတင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးနဲ့ တွေ့ဆုံဖို့ နည်းလမ်း တွေ ရှာနေတယ်လို့ ပရတ်ခ်ဆိုခွန်က ပြောပါတယ်။

ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ တောင်းဆိုမှုတွေကို စစ်ကောင်စီက အကြိမ် ကြိမ် ပယ်ချခဲ့တယ်လို့ သူက ဆိုပါတယ်။ “အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ ရှေ့ဆက်ဖို့နဲ့ အကြမ်းမဖက်ရေး အ ခြေခံမူတွေမြှင့်တင်ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အရေးပါဆုံးဇာတ်ကောင်တစ်ခုလို့ ကျွန်တော်တို့ ရှုမြင်ပါ တယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – The Straits Times
Ref; We will not put Asean unity at risk, says Asean special envoy on Myanmar crisis