
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၀ ရက်
အနောက်နိုင်ငံတွေရဲ့ စစ်ရေးအကူအညီ ထောက်ပံ့တာ ရပ်တန့်ရင် ယူကရိန်းက တစ်ပတ်ကျော်တောင် ခံမှာမဟုတ်ဖူးလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်ပါတယ်။
မဟာမိတ်နိုင်ငံတွေက လာမယ့်လတွေအတွင်း စစ်ဘေးသင့် ယူကရိန်းသို့ စစ်လက်နက်တွေ ထောက်ပံ့ဖို့ ရုန်းကန်နေရချိန်မှာ ပူတင်က အခုလို မှတ်ချက်ပြုတာဖြစ်ပါတယ်။
အနောက်နိုင်ငံတွေရဲ့ လစဉ် ဒေါ်လာ ဘီလီယံချီတန်ကြေးရှိတဲ့ လှူဒါန်းမှုတွေကြောင့် ၂ နှစ်တာ လက် နက်ကိုင်ပဋိပက္ခအတွင်း ယူကရိန်းနိုင်ငံက သိမ်းပိုက်မခံရတာလို့ မော်စကိုမြို့တော်အခြေစိုက် အတိုင်ပင်ခံအဖွဲ့အ စည်းတစ်ခုက စီစဉ်ကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ ပူတင်က ပြောပါတယ်။
အလှူရှင်တစ်နိုင်ငံက ထောက်ပံ့မှုရပ်တန့်ရင် ယူကရိန်းနိုင်ငံရဲ့ ကာကွယ်ရေးစွမ်းပကားတွေ ပြိုလဲကာ တစ်ပတ်အတွင်း သိမ်းပိုက်ခံရမယ်လို့ သူက ဆိုပါတယ်။
အမေရိကန်နိုင်ငံက ယူကရိန်းသို့ စစ်လက်နက်နဲ့ ပစ္စည်းကိရိယာတွေ အများဆုံးလှူဒါန်းတဲ့တိုင်းပြည်ဖြစ် ပြီး ၂၀၂၂ ခုနှစ် ကျူးကျော်စစ် စတင်ပြီးနောက် ဒေါ်လာ ၁၁၃ ဘီလီယံတန်ကြေးရှိ စစ်ရေးအကူအညီတွေ ထောက် ပံ့ခဲ့ပြီးဖြစ်ပါတယ်။
ဝါရှင်တန်ရှိ လက်ရှိ နိုင်ငံရေးကစဉ့်ကလျားအခြေအနေက ယူကရိန်းသို့ စစ်ရေးအကူအညီ ပေးအပ်မှုကို ခြိမ်းခြောက်မှုဖြစ်လာမှာကို စိုးရိမ်မိတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြီးခဲ့တဲ့အပတ်အတွင်း ဝန်ခံခဲ့ပါ တယ်။
ရုရှားလိုလားတဲ့ ရောဘတ်ဖီကိုရဲ့ နိုင်ငံရေးပါတီက ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာကြောင့် ဆလိုဗက် ကီးယားနိုင်ငံကလည်း ယူကရိန်းသို့ စစ်ရေးအကူအညီ ပေးအပ်မှုကို ရပ်ဆိုင်းခဲ့ပါတယ်။
ယူကရိန်းနိုင်ငံအတွက် အမေရိကန်ရဲ့ ပံ့ပိုးကူညီမှုကို အဖွဲ့ဝင် ၂၇ နိုင်ငံပါ ဉရောပသမဂ္ဂက အပြည့်အဝ အစားထိုးနိုင်စွမ်းမရှိဘူးလို့ ပြီးခဲ့တဲ့လအစောပိုင်းမှာ ဉရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက်ဘော် ရယ်လ်က ပြောကြားခဲ့ပါတယ်။
ကိုးကား – The Defense Post
Ref; Russia’s Putin Says Ukraine Would Last ‘a Week’ if Western Aid Stops