ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၉ ရက်

ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့တွင် အောက်တိုဘာလ ၈ ရက်နေ့ နံနက်အစောပိုင်းက ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ငွေစံပယ်ဖြူလမ်းရှိ နေအိမ်တစ်လုံးသို့ နေ့နံနက်ပိုင်းချိန်တွင် အမျိုးသား ၂ ဦးရောက်လာကာ ငွေသားနှင့် ရွှေထည်များ ဓါးပြတိုက်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“အဲ့အိမ်မှာက အမျိုးသမီး၂ ဦးပဲရှိတာ၊ သေခြာသိလို့ ဓါးပြလာတိုက်တာ။ အမျိုးသား ၂ ယောက် တစ်အိမ်လုံးမွှေနောက်ရှာပြီး ရွှေနဲ့ငွေသားသိန်း ၃၀ နီးပါသွားတယ်။ လူကိုသတ်မသွားတာပဲတော်တော်ကံကောင်းတယ်”ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဓါးပြတိုက်သူ ၂ ဦးသည်နံနက် ၂ နာရီအချိန် နေအိမ်မှ အမျိုးသမီး
တစ်ဦးထဲ နောက်ဖေးတံခါးမှအပေါ့သွားရန်ထွက်စဥ် ဖမ်းဆီးချုပ်နှောင်ကာ အိမ်အတွင်းသို့၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးကို ရွှေနဲ့ငွေများထားရာနေရာကို မေးမြန်းစဥ်မှာ နိပ်စက်မှုများပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရှိရသည်။

ဓါးပြတိုက်သူ ၂ ဦးသည် ငွေသား ၂၈ သိန်းကျပ်နှင့် ရွှေထည်ပစ္ဓည်း ၅ မျိုး ၄ ကျပ်သားခန့်ကို ယူဆောင်ကာထွက်ပြေးသွား​ကြောင်း သိရသည်။

ယနေ့အချိန်ထိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၀င်များက ကွင်းကောက်မြို့အတွင်း ပိတ်ဆို့ရှာဖွေမှုများပြုလုပ်နေသော်လည်းဖမ်းမိတာမျိုးမရှိသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဧရာ၀တီတိုင်းတွင် နေ့စဥ်တိုင်း စစ်ကောင်စီနှင် ရဲတပ်ဖွဲ့များအင်အားအများအပြားကင်းလှည့်နေသော်လည်း တော်လှန်ရေးအင်အားစုများကိုသာအဓိကထားပြီး ဖမ်းဆီးနေတာကြောင့် ခိုဆိုးလုနိူက်မှုတွေ နေ့စဥ်ဖြစ်ပွားနေပြီးလောင်းကစား၊ လုယက်မှု၊ မူးယစ်ဆေးဝါးရောင်းချမှုနဲ့ ငွေတုရောင်းချခြင်းလုပ်ငန်းတွေကို ဖော်ထုတ်ဖမ်းဆီးမှု လျော့နည်းလာကြောင်း မြို့ခံများကသုံးသပ်ပြောဆိုသည်။

#ကွင်းကောက်မြို့ #ဓားပြတိုက် #စစ်ကောင်စီတပ် #Ayeyarwaddy_Times