
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၉ ရက်
လူ ၂၀၀ ကျော် သေဆုံးခဲ့ပြီး ၁၄၀၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့ အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ ဟားမာစ်ရဲ့ ရုတ် တရက်တိုက်ခိုက်မှုကို လက်တုံ့ပြန်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ကတိပြုပါတယ်။
“အစ္စရေးစစ်တပ်က ဟားမာစ်အဖွဲ့ရဲ့စွမ်းရည်ကို ဖျက်ဆီးဖို့ ချက်ချင်း အင်အားပြည့် အသုံးပြုမှာဖြစ်ပါ တယ်။ အစ္စရေးနိုင်ငံနဲ့ပြည်သူတွေအပေါ် တိုက်ခိုက်မှုအတွက် ကျွန်တော်တို့ ဟားမာစ်အဖွဲ့အပေါ် ပြန်လည်တိုက် ခိုက်မှာဖြစ်ပါတယ်” လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောပါတယ်။
စစ်ပွဲက အချိန်ကြာမှာဖြစ်ပေမယ့် အစ္စရေးနိုင်ငံက အနိုင်ရမယ်လို့ သူက ဆိုပါတယ်။ အစ္စရေးနဲ့ ဂါဇာ ကြား နယ်စပ်စစ်ဆေးရေးဂိတ်တစ်ခုအပေါ် တိုက်ခိုက်မှုကို ဟားမာစ်အဖွဲ့က ရုပ်သံဖိုင်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
အရေအတွက်မသိရတဲ့ ဂါဇာကမ်းမြှောင်ဒေသမှ သေနတ်သမားတွေဟာ နယ်စပ်ခြံစည်းရိုးကို ချိုးဖောက် ကာ အစ္စရေးမြို့တွေကို စီးနင်းတိုက်ခိုက်ခဲ့ကာ ဒေသခံအချို့ကို သတ်ဖြတ်ခဲ့ပါတယ်။
အစ္စရေးတပ်ဖွဲ့တွေက ပိုင်နက်အတွင်း စစ်သွေးကြွတွေကို ဆက်လက် တိုက်ခိုက်မှာဖြစ်ကြောင်း၊ ဟား မာစ်အဖွဲ့က အစ္စရေးစစ်သားအချို့နဲ့ ပြည်သူတွေကို ဖမ်းဆီးခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။
အစ္စရေးစစ်တပ်ရဲ့ ထိုးစစ်ဆင်မှု အဆုံးသတ်တဲ့အထိ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဟားမာစ်အဖွဲ့ တပ်မှူး မိုဟာမက်ဒီအက်ဖ်က ပြောပါတယ်။
ဂါဇာကမ်းမြှောင်ဒေသမှ အစ္စရေးနိုင်ငံတောင်ပိုင်းနဲ့ အခြားဒေသတွေကို ဒုံးပျံ အစင်း ၃၀၀၀ ကျော်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အစ္စရေးလေတပ်ဖွဲ့ကလည်း ဂါဇာကမ်းမြှောင်ဒေသရှိ ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ် ဆောင်ခဲ့ရာ လူ ၂၃၀ ကျော် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
မီဒီယာအဖွဲ့အစည်းအချို့ရှိရာ အထပ်မြင့်
အဆောက်အအုံနှစ်လုံးမှာ ဒုံးကျည်တိုက်ခိုက်မှုကြောင့် ပျက်စီး သွားခဲ့ပါတယ်။ အဆိုပါအဆောက်အအုံတွေကို ဟားမာစ်အဖွဲ့ရဲ့ စစ်ဆင်ရေးအခြေစိုက်စခန်းတစ်ခုအဖြစ် အသုံး ပြုခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကိုးကား – NHK
Ref; Israel vows to destroy Hamas after surprise attack