
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၉ ရက်
ပြီးခဲ့တဲ့အပတ်အတွင်း ဗန်ကောက်မြို့တော်ရှိ Siam Paragon ကုန်တိုက်အ သေနတ်ပစ်ခတ်မှုဖြစ်စဉ်မှာ သေဆုံးခဲ့တဲ့ မြန်မာအမျိုးသမီးရဲ့မိခင်နဲ့ အလုပ်ရှင်တို့ဟာ ထိခိုက်နစ်နာမှုတွေအတွက် သေနတ်ပစ်ခတ်သူ ဆယ် ကျော်သက်လူငယ်နဲ့ မိဘတွေကို တရားစွဲဆိုမယ်လို့ သိရပါတယ်။
အသက် ၁၄ နှစ်အရွယ် သေနတ်သမားရဲ့ သူငယ်ချင်းတွေက ပစ်ခတ်မှုကို လေးစားအားကျတယ်လို့ ပြော ဆိုထားတဲ့ အွန်လိုင်းမှာ အဖွဲ့လိုက်ပြောဆိုထားတဲ့ အသံဖိုင်တစ်ခု ပေါက်ကြားခဲ့တယ်လို့ သေဆုံးသူ မမိုးမြင့်ရဲ့မိ ခင် ဒေါ်ခင်ဝင်းရဲ့ရှေ့နေ သာနာဖွန်ဆက်သီဆွန်ဘတ်က ပြောပါတယ်။
ဒေါ်ခင်ဝင်းက မြန်မာနိုင်ငံတွင် နေထိုင်တာကြောင့် ထိုင်းနိုင်ငံတွင်း တရားစွဲဆိုမှုမှာ သူက သေဆုံးသူမိ သားစုကို ကိုယ်စားပြုမယ်လို့ သာနာဖွန်က ပြောပါတယ်။
သေနတ်သမားက တိုက်ခိုက်နဲ့ပတ်သက်လို့ ဟာသလုပ်ပြီး အုပ်စုဖွဲ့စကားပြောဆိုတာကို ကြားသိရတာ အလွန်အမင်း စိုးရိမ်မိတယ်လို့ မမိုးမြင့်ရဲ့အလုပ်ရှင် Take Toys Co Ltd ပိုင်ရှင် ပါရန်နီးက သတင်းထောက်တွေ ကို ပြောပါတယ်။
ပြီးခဲ့တဲ့စနေနေ့ညပိုင်းက သေနတ်သမားရဲ့ဖခင်ဖြစ်သူဟာ မမိုးမြင့်ရဲ့ နာရေးအခမ်းအနားကို တက် ရောက်ကာ သားဖြစ်သူရဲ့လုပ်ရပ်အတွက် ခွင့်လွှတ်ပေးဖို့ ဒေါ်ခင်ဝင်းကို ဒူးထောက်တောင်းပန်ခဲ့ပါတယ်။
သေနတ်သမားရဲ့ဖခင်ဖြစ်သူက စာအိတ်တစ်ခုထဲ ပိုက်ဆံထည့်ကာ မမိုးမြင့်အတွက် လျော်ကြေးငွေကို ဒေါ်ခင်ဝင်းထံ ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်ခင်ဝင်းက လျော်ကြေးငွေကို ငြင်းဆန်ကာ သူရဲ့သမီးဘဝကို ငွေကြေး နဲ့ လျော်ပေးလို့မရဘူးလို့ ပြောဆိုခဲ့ပါတယ်။
ထိုင်း တရားရေးဝန်ကြီး တာဝီးဆော့ဆောင်ကလည်း ဘာသာရေးအခမ်းအနားသို့တက်ရောက်ကာ ဒေါ် ခင်ဝင်းသို့ လျော်ကြေး ဘတ် ၂၀၀၀၀၀ ပေးအပ်ခဲ့ပါတယ်။ ရာဇဝတ်မှုတွေမှာ သေဆုံးသူအတွက် လျော်ကြေးပေး ရတဲ့ ထိုင်းဉပဒေအရ လျော်ကြေးငွေ ထောက်ပံ့တာဖြစ်ပါတယ်။
မမိုးမြင့်မိသားစုထံ ဘတ် ၆ ဒသမ ၂ သန်းအထိ လျော်ကြေးငွေ ပေးအပ်နိုင်ဖို့ တရားရေးဝန်ကြီးဌာနက အစိုးရဌာနတွေနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။
အဆိုပါ လျော်ကြေးငွေပမာဏထဲမှာ Siam Paragon စီမံခန့်ခွဲရေးအဖွဲ့ရဲ့ ဘတ် ၅ သန်းနဲ့ အစိုးရထံမှ ဘတ် ၁ ဒသမ ၂ သန်းလည်း ပါဝင်ပါတယ်။ ပစ်ခတ်မှုဖြစ်စဉ်မှာ တရုတ် ကမ္ဘာလှည့်ခရီးသွားတစ်ဉီးလည်း သေ ဆုံးခဲ့ပါတယ်။
ကိုးကား – Bangkok Post
Ref; Victim’s parents plan to sue suspect