ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၈ ရက်

အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်းတွင် အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် နောက်ဆက် တွဲ မြေငလျင်ငယ်တွေ လှုပ်ခတ်ခဲ့ရာ လူ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသန္တရအာဏာပိုင်တွေက ပြောကြားပြီး ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေစဉ် လူသေဆုံးမှု မြင့်တက်လာနိုင်တယ်လို့ ကု လသမဂ္ဂက သတိပေးလိုက်ပါတယ်။

စနေနေ့မနက် ၁၁ နာရီခန့်က ဟီရတ်မြို့တော်ရဲ့အနောက်ဘက် ၂၄ မိုင်အကွာမှာ ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ မြေငလျင်တွေ အနီးအနားရှိ ဘတ်ဂီနဲ့ ဖာရာပြည်နယ် တွေမှာ လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အင်အားပြင်း မြေငလျင် လှုပ်ခတ်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ် လို့ အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနက X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

လူပေါင်း ၃၂၀ ခန့် သေဆုံးခဲ့တယ်လို့ အတည်မပြုနိုင်တဲ့ ခန့်မှန်းချက်တွေရှိတယ်လို့ ကုလသမဂ္ဂ လူသား ချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံးရဲ့ အစီရင်ခံစာအရ သိရပါတယ်။

ပြိုကျအဆောက်အအုံတွေအောက်မှာ လူအချို့ ပိတ်မိနေနိုင်တာကြောင့် ရှာဖွေရေးနဲ့ကယ်ဆယ်ရေးလုပ် ငန်းတွေ လုပ်ဆောင်နေစဉ် လူသေဆုံးသူအရေအတွက် မြင့်တက်နိုင်တယ်လို့ မိတ်ဖက်တွေ၊ ဒေသန္တရအာဏာပိုင် တွေက မျှော်မှန်းတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ထိခိုက်သေဆုံးသူတွေကို ဆေးရုံတွေ သို့ ပို့ဆောင်ဖို့ လူနာတင်ယာဉ် ၁၂ စင်း စေလွှတ်ခဲ့တယ်လို့ ပြောပါတယ်။

မြေငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူတွေ၊ ဒဏ်ရာရရှိသူတွေအတွက် ဝမ်းနည်းမိကြောင်း တာလီဘန် အဖွဲ့က ခန့်အပ်ထားတဲ့ ဒုတိယဝန်ကြီးချုပ် အဗ္ဗဒူဂါနီဘာရာဒါက ပြောပါတယ်။

၂၀၂၂ ခုနှစ် ဇွန်လအတွင်း တောင်ကုန်းထူထပ်ရာ အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းမှာ ဆယ်စုနှစ် ၂ ခုအ တွင်း အင်အားအပြင်းဆုံး မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၁၀၀၀ ထက်မနည်း သေဆုံးခဲ့ပြီး ၁၅၀၀ ခန့် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ကိုးကား – Aljazeera
Ref; Powerful earthquake kills more than 100 people in western Afghanistan

#Ayeyarwaddy_Times