
ဧရာ၀တီတိုင်းမ်
အောက်တိုဘာ ၈ ရက်
မြန်မာနိုင်ငံလေကြောင်းလိုင်းတွင် လက်ရှိပျံသန်းပြေး ဆွဲနေသည့် Air KBZ လေကြောင်း လိုင်းသည် မင်္ဂလာလေကြောင်းလိုင်း အမည်ဖြင့် ပြောင်းလဲပျံသန်းသွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလေကြောင်းလိုင်းကို ပိုင်ရှင်အသစ်ပြောင်းလဲ လိုက်သည့်အတွက် လေကြောင်း လိုင်းအမည်ကိုပါ ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာအချို့တွင် ဖော်ပြထားသည်။
ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကို၀င်းသည် Air KBZ နှင့် MAI လေကြောင်းလိုင်းတို့ကို ပိုင်ဆိုင်ခြင်းမရှိတော့ဘဲ 24 hours ကုမ္ပဏီပိုင်ရှင် ဦးအောင်အောင်ဇော်မှ ရှယ်ယာအများ ဆုံးပိုင်ဆိုင်ထား၍ ပိုင်ရှင်အသစ်ဖြစ်လာကြောင်း ၂၀၂၂ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်ထားသည်။
ထို့ကြောင့် ဦးအောင်အောင်ဇော်သည် Air KBZ လေကြောင်းလိုင်းကို ပိုင်ရှင်အသစ်ထံသို့ လွှဲပြောင်းရောင်းချသွားခြင်းဖြစ်ကြောင်း သိရသည်။
ယခုတွင် လေကြောင်းလိုင်းပိုင်ရှင် ပြောင်းလိုက်ပြီဖြစ်သည့်အပြင် လေကြောင်းလိုင်း အမည်ပြောင်းလဲခွင့်ကိုလည်း စစ်ကောင်စီက ခွင့်ပြုလိုက်သည့်အတွက် မင်္ဂလာ လေကြောင်းလိုင်း အမည်အသစ်ဖြင့်ပြောင်လဲ ပျံသန်းရန်စီစဉ်နေပြီး လေကြောင်းလိုင်း လိုဂိုတံဆိပ် အသစ်ဖြင့် ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-Air KBZ (ပုံဟောင်း)