ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၈ ရက်

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော်မှ ထွက်ခွာသွားပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလ အတွင်း အမေရိကန်နိုင်ငံရဲ့ နျူကလီးယား ရေငုပ်သင်္ဘောတွေနဲ့ပတ်သက်တဲ့ လုံခြုံရေးအဆင့်သတ်မှတ်ထားတဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေကို သြစတြေးလျ စီးပွားရေးလုပ်ငန်းရှင်တစ်ဉီးကို မျှဝေခဲ့တယ်လို့ သိရပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ဖလော်ရီဒါပြည်နယ်၊ Mar-a-Lago ခြံဝင်းမှာ သြစတြေးလျ စီးပွားရေးလုပ်ငန်းရှင် တစ်ဉီးနဲ့ တွေ့ဆုံချိန်မှာ ထိရှလွယ်တဲ့ သတင်းအချက်အလက်တွေ ဖွင့်ချခဲ့ဖွယ်ရှိတယ်လို့ ABC ရုပ်သံဌာနက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြပါတယ်။

အမေရိကန် ရေငုပ်သင်္ဘောတွေ ပုံမှန် သယ်ဆောင်တဲ့ နျူကလီးယားထိပ်ဖူးအရေအတွက်နဲ့ ရုရှား ရေငုပ် သင်္ဘောတွေထံ ဘယ်လို ရောက်ရှိအောင်လုပ်ဆောင်နိုင်တယ်ဆိုတာကို ဒေါ်နယ်ထရမ့်က ဖွင့်ချခဲ့တယ်လို့ အဆိုပါ ရုပ်သံဌာနက ပြောပါတယ်။

သြစတြေးလျ အာဏာပိုင်တွေက ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခဲ့တဲ့ အဆိုပါ စီးပွားရေးလုပ်ငန်းရှင်ကို တွေ့ဆုံ မေးမြန်းခဲ့တယ်လို့ ABC ရုပ်သံဌာနက ဆိုပါတယ်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ဉပဒေနဲ့အညီ အမြဲ ပြုမူဆောင်ရွက်ခဲ့တယ်လို့ ဒေါ်နယ်ထ ရမ့်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော်မှ ထွက်ခွာလာပြီးနောက် အထူး လုံခြုံရေးအဆင့်အတန်းသတ်မှတ်ထား တဲ့ သတင်းအချက်အလက်တွေ အပါအဝင် မှတ်တမ်းမှတ်ရာတေွ တရားမဝင် ထိန်းသိမ်းမှုကြောင့် ဇွန်လအတွင်း တရားစွဲဆိုခံခဲ့ရပါတယ်။

လာမယ့်နှစ် သမ္မတရွေးကောက်ပွဲမှာ ပြန်လည်ရွေးကောက်ခံဖို့ ဒေါ်နယ်ထရမ့်က ကြိုးပမ်းနေတာကြောင့် အမေရိကန်မီဒီယာတွေက သူ့ရဲ့ ထိရှလွယ်သော သတင်းအချက်အလက်တွေ ကိုင်တွယ်မှုကို အလေးထားဖော်ပြ နေကြပါတယ်။

ကိုးကား – NHK
Ref; Trump allegedly revealed sensitive nuclear sub information to foreign national

#Ayeyarwaddy_Times