ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၈ ရက်

ဧရာ၀တီတိုင်း၊ ရေကြည်မြိုနယ် ငါးသိုင်းချောင်းမြို့တွင်အောက်တိုဘာလအစပိုင်းတွင်
စစ်ကောင်စီတပ်က ဒေသခံအချို့ကို PDF အဖွဲ့၀င်များဟုဆိုကာ စွတ်စွဲဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာကြောင်းဒေသခံများထံမှသိရှိရသည်။

ဖမ်းဆီးခံရသူများထဲတွင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး CDM ပြုလုပ်ခဲ့သည့် ဝန်ထမ်းများလည်း ပါဝင်နေကြောင်း ဒေသခံများမှ ပြောသည်။

“စစ်တပ်သတင်းပေးတွေက သူတို့ထင်တဲ့လူတွေကို ဖမ်းခိုင်းနေတာ၊
ကျေးရွာတွေမှာလဲ စစ်သားတွေတပ်ဖြန့်ထားတယ် နေ့တိုင်းအဖမ်းအဆီးမရှိတဲ့နေ့မရှိဘူး”ဟုဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

စက်တင်ဘာလ ၄ ရက်နေ့တွင် PDF ဟု အကြောင်းပြချက်ဖြင့် ငါးသိုင်းချောင်းမြို့ ဝါသလကျေးရွာသို့ စစ်ကောင်စီတပ်များရောက်ရှိလာပြီး ကိုမင်းထက်သာ၊ ကိုအောင်လေးအပါအ၀င်အမျိုးသား ၄ ဦးကိုဖမ်းဆိီးသွားပြီး
မြို့ပေါ်ရပ်ကွက်တစ်ခုမှ CDM ကျောင်းဆရာမတစ်ဦးကိုပါဖမ်းဆီးသွားကြောင်းသိရှိရသည်။

ငါးသိုင်းချောင်းမြို့တွင် သြဂုတ်လအတွင်းကစတင်ပြီး အောင်ဆန်းရပ်ကွက်၊ သရက်ချောင်းကျေးရွာ၊ဌက်ိုက်ကျေးရွာ၊ သပြေအိုင်ကျေးရွာများမှ လူငယ်များ၊ CDM ၀န်ထမ်းများကို အဓိကထားဖမ်းဆီးနေခြင်းဖြစ်ပြီးဖမ်းခံထားရသူ ၃၀ ကျော်ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှသိရှိရသည်။

#ငါးသိုင်းချောင်းမြို့ #CDM #PDF #စစ်ကောင်စီတပ် #Ayeyarwaddy_Times