
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၈ ရက်
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်းရှိ စစ်ကောင်စီသတင်းပေးများသည် ကသာမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်၍ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) များ တည်ရှိရာနေရာကို သတင်းပေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
မိုးတာလေး၊ မိုးတာကြီး၊ ဟဲနားကျေးရွာ၊ မံလွဲကျေးရွာ၊ ပင်ဝေါကျေးရွာ၊ ရွှေပြည်သစ် ကျေးရွာ၊ သံပုရာကုန်းကျေးရွာ စသည့် ကျေးရွာအချို့မှ စစ်ကောင်စီ သတင်း ပေးများသည် မြို့ပေါ်သို့ တိမ်းရှောင်ကာ ဆက်လက်သတင်းပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
“ကသာမြို့ပေါ်ကို ထွက်ပြေးသွားတာ ကြာပြီ။ ဒါပေမယ့် အခုအချိန်ထိ PDF သတင်းတွေနဲ့ ထောက်ပို့တွေရဲ့ သတင်းတွေကို ပေးနေတယ်။ တော်လှန်ရေး မိသားစုတွေကိုလည်း သတင်းပေးတယ်။ ဒီဘက်နယ်ကိုတော့ သတင်းပေးတွေ မလာရဲတော့ဘူး။ ဒီလူတွေပြေးသာနေရတယ် အမှတ်မရှိကြဘူး။ ဒီလူတွေကို လုံးဝ ခွင့်လွှတ်မှာမဟုတ်ဘူး ” ဟု ကသာမြို့နယ်မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ စစ်ကောင်စီတပ် သတင်းပေးဆိုသူများသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ နောက်ဆုံးပတ် မှစတင်ကာ ကသာမြို့ရှိ ၎င်းတို့၏ မိသားစုဝင်မျာရှိရာ နေအိမ်များသို့ ထွက်ပြေး တိမ်းရှောင်နေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီတပ်သားများ ဒရုန်း ငါးစင်းဖြင့် တိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်သားများသည် ချောင်းဝ၊ မင်းကျောင်းကုန်း ကျေးရွာအနီးရှိ လျှပ်စစ် ဓာတ်မီးတိုင် ငါးတိုင်ကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ပုံစာ- ကသာမြို့ ၊ စစ်ကောင်စီတပ်များ မိုင်းခွဲဖျက်ဆီးထားသည့် ဓာတ်တိုင်များ
#ကသာမြို့နယ် #စစ်ကောင်စီသတင်းပေး #ကသာမြို့ပေါ်တက် #ထွက်ပြေးတိမ်းရှောင် #PDFများရှိနေရာကို #ဆက်လက်ပြီး #သတင်းပေး #Ayeyarwaddy_Times