
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၇ ရက်
လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုမြှင့်တင်ဖို့ တိုက်ပွဲဝင်နေတဲ့ အီရန်အမျိုးသမီးတစ်ဉီးကို မနေ့က နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်ပါတယ်။
လက်ရှိ အကျဉ်းချခံနေရတဲ့ အီရန်အမျိုးသမီး နာဂက်စ်မိုဟာမန်ဒီက “အမျိုးသမီး၊ ဘဝနဲ့ လွတ်လပ်မှု” လို့ ခေါ်ဆိုတဲ့ တော်လှန်ရေးလှုပ်ရှားမှုတစ်ခုကို ဖန်တီးခဲ့ပါတယ်။
မိုဟာမန်ဒီဟာ ကြီးမားတဲ့ ပေးဆပ်မှုရှိပေမယ့် လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်မှု ဆက် လက်လုပ်ဆောင်ခဲ့တယ်လို့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်တွေက ပြောပါတယ်။
အီရန်အာဏာပိုင်တွေက မိုဟာမန်ဒီကို ထောင် ၁၃ ကြိမ်ချကာ စုစုပေါင်း ထောင်ဒဏ် ၃၁ နှစ် ချမှတ်ခဲ့ တယ်လို့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်တွေက ဆိုပါတယ်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုကြောင့် ပိုမို ကြံ့ကြံ့ခံပြီး မျှော်လင့်ချက်ရှိလာမယ်လို့ မိုဟာမန်ဒီက အမေရိကန် မီဒီယာတွေကို ပြောပါတယ်။ အီရန်ရဲ့ နှိပ်ကွက်တဲ့ ဘာသာရေးအစိုးရကို ဆက်လက်တိုက်ပွဲဝင်မယ်လို့ သူက ဆိုပါ တယ်။
“ကျွန်တော့် မေမေက အီရန်ပြည်သူတွေနဲ့ တိုင်းပြည်အတွက်သာမက ကလေးငယ်တွေအတွက်လည်း အ ခု အကျဉ်းချခံနေရပါတယ်။ မေ့မေ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်” လို့ မိုဟာမန်ဒီရဲ့သားဖြစ်သူ အလီရာမန် ဒီက နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရကြောင်း ကြေညာပြီးနောက် သတင်းထောက်တွေကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း အီရန်အမျိုးသမီးတစ်ဉီး ခေါင်းစည်းပုဝါ မဝတ်ဆင်တာကြောင့် ဖမ်းဆီးခံခဲ့ရပြီး အ ကျဉ်းထောင်တွင်း သေဆုံးသွားပြီးနောက် အဆိုပါဉပဒေကို ပယ်ဖျက်ဖို့ ဆန္ဒပြသူတွေက တိုက်ပွဲဝင်ခဲ့ကြပါတယ်။
မိုဟာမန်ဒီကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်တာဟာ အမျိုးသမီးနဲ့ မိန်းခလေးတွေရဲ့ အခွင့်အရေး ချိုး ဖောက်ခံရေတာကို အချက်ပြနေတာလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖာ ဟန်ဟတ်က သတင်းထောက်တွေကို ပြောပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရွေးချယ်ရေးကော်မတီကို ရှုတ်ချခဲ့ပြီး ဆုချီး မြှင့်တဲ့ဆုံးဖြတ်ချက်က ဘက်လိုက်မှုရှိပြီး နိုင်ငံအရေးအရ ခွန်အားပေးမှုဖြစ်တယ်လို့ ပြောပါတယ်။
ကိုးကား – NHK
Ref; Iranian dissident Narges Mohammadi wins Nobel Peace Prize