ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၇ ရက်

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း တောင်တန်းဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု တွေ ဖြစ်ပွားလို့ လူ ၁၄ ဉီး သေဆုံးကာ ၁၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ မီဒီယာသတင်းတွေက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့နောက်ပိုင်း ဆစ်ကင်ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကန်တစ်ကန် ရေလျှံမှုဖြစ်ပွားကာ မြစ်တစ်စင်းတစ်လျောက် ရေကြီးရေလျှံခဲ့တယ်လို့ အိန္ဒိယ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲ ရေး အာဏာပိုင်တွေက ပြောပါတယ်။

ပျောက်ဆုံးနေသူတွေထဲမှာ စစ်ဘက်တာဝန်ရှိသူတွေလည်း ပါဝင်တယ်လို့ ဒေသန္တရ မီဒီယာသတင်းတွေ က ဖော်ပြပါတယ်။

ရေဘေးသင့်ဒေသတစ်ခုမှာ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခုက ရွှံ့ရေစီးကြောင်းတွေ၊ ရေနစ်နေတဲ့ အ ဆောက်အအုံတွေနဲ့ ပြိုကျနေတဲ့ လမ်းမကြီးတွေကို ပြသပါတယ်။

ရေဘေးအခြေအနေက စိုးရိမ်ဖွယ်ရာဖြစ်ပြီး သူ့အိမ်နဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေ ရေဘေးနဲ့အတူ မျောပါသွားခဲ့ ကြောင်း၊ လမ်းမကြီးတွေ ပျက်စီးလို့ ယာဉ်ကြောပိတ်ဆို့နေကြောင်း ဒေသခံတစ်ဉီးက ပြောပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါ တယ်။ အခက်အခဲတွေ ကျော်ဖြတ်နိုင်ဖို့ ရေဘေးသင့်ဒေသသို့ အကူအညီတွေ ပေးပို့မယ်လို့ ဝန်ကြီးချုပ် နာရင်ဒ ရာမိုဒီက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

နောက်ထပ် မိုးရွာသွန်းမှုနဲ့ ရေဘေးသင့်မှုတွေဖြစ်နိုင်တယ်လို့ ပြည်နယ် မိုးလေဝသ တာဝန်ရှိသူတွေက သတိပေးနေပြီး ပြည်သူတွေ သတိဝီရိယနဲ့နေထိုင်ကြဖို့ ပြည်သူတွေကို အကြံပြုပါတယ်။

ကိုးကား – NHK
Ref; Flood in India leaves 14 dead, over 100 missing

#Ayeyarwaddy_Times