
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၇ ရက်
ဗန်ကောက်မြို့တော်ရှိ ကုန်တိုက်ပစ်ခတ်မှုဖြစ်စဉ်မှာ သေဆုံးခဲ့တဲ့ မြန်မာအမျိုးသမီးနဲ့ တရုတ်ကမ္ဘာ လှည့်ခရီးသွားတစ်ဉီးရဲ့ အလောင်းတွေကို ဆွေမျိုးတွေက ရဲဆေးရုံကနေ သွားယူခဲ့တယ်လို့ သိရပါတယ်။
အင်္ဂါနေ့ညနေပိုင်းက ဗန်ကောက်မြို့လယ်ရှိ ကုန်တိုက်တစ်ခုမှာ အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက် လူငယ်တစ်ဉီးက သေနတ်နဲ့ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဉီး သေဆုံးခဲ့တာပါ။
မြန်မာအမျိုးသမီးရဲ့ ဆွေမျိုးတွေက သေဆုံးသူရဲ့အလောင်း ပြန်ယူသွားဖို့ ဗန်ကောက်ရဲဆေးရုံ မှုခင်း ဆေးပညာဌာနမှာ သွားရောက်ခဲ့ပေမယ့် သတင်းထောက်တွေကို စကားပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။
အလောင်းခွဲစိတ်စစ်ဆေးမှုအရ မြန်မာအမျိုးသမီးရဲ့ အဆုတ်နဲ့နှလုံးမှာ သေနတ်ဒဏ်ရာတွေ ထိမှန်ခဲ့တာ လို့ သိရပါတယ်။ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ တော်ဆတ်ခ်ဆူကီမိုလ်က မြန်မာအမျိုးသမီးရဲ့ မိသားစုထံ အခေါင်း တစ်ခု လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
မြန်မာအမျိုးသမီးဟာ ထိုင်း၊ တရုတ်နဲ့ အင်္ဂလိပ်စကား ကောင်းမွန်စွာ ပြောဆိုနိုင်ပြီး လစာကောင်းကာ မြန်မာနိုင်ငံရှိ မိဘတွေထံ တစ်လ ဘတ် ၁၀၀၀၀ ပြန်ပို့နိုင်ခဲ့တယ်လို့ ထိုင်းအလုပ်ရှင်က ပြောပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်မှာ သေဆုံးခဲ့သူ ၂ ဉီးအတွက် တရားရေးဝန်ကြီးဌာနက လျော်ကြေး ဘတ် ၂၀၀၀၀၀ စီ ထောက်ပံ့မယ်လို့ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။ ဒဏ်ရာရရှိသူတွေကလည်း တစ်ဆင့်စီ လျော်ကြေးငွေ ထောက်ပံ့မယ်လို့ သူက ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်မှာ ဒဏ်ရာရရှိသူတွေဟာ ဆေးကုသစရိတ် ဘတ် ၄၀၀၀၀ စီနဲ့ ပြန်လည်ထူထောင်ဖို့ ဘတ် ၂၀၀၀၀ စီ ရရှိမယ်လို့ သူက ဆက်ပြောပါတယ်။
အလုပ်ဆက်မလုပ်နိုင်သူတွေကို တစ်နှစ်ကျော်ကာလအတွင်း တစ်ရက်လျင် ၃၆၃ ဘတ် လျော်ကြေးပေး မယ်လို့ သိရပါတယ်။
ကိုးကား – The Straits Times
Ref; Bangkok’s Siam Paragon shooting: Relatives of Chinese tourist, Myanmar woman claim their bodies