ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၆ ရက်

ဆီးရီးယားနိုင်ငံအလယ်ပိုင်းရှိ အစိုးရတပ်ဖွဲ့များထိန်းချုပ်ထားရာ မြို့တော်တစ်ခုဖြစ်တဲ့ ဟွမ်းစ်မြို့တော်ရှိ စစ်တက္ကသိုလ်တစ်ခုမှာပြုလုပ်တဲ့ ဗိုလ်လောင်းသင်တန်းဆင်းပွဲကို လက်နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်းတွေ က ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန SANA က ဖော်ပြပါတယ်။

တိုက်ခိုက်မှုကြောင့် အရပ်သားနဲ့ စစ်သားတွေအပါအဝင် လူ ၁၁၆ ဉီး သေဆုံးခဲ့ပြီး စစ်အရာရှိတွေနဲ့ မိ သားစုဝင်တွေ အပါအဝင် ၁၂၀ ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ ဆီးရီးယားစစ်တပ်ရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

သေဆုံးသူတွေထဲမှာ စစ်အရာရှိတွေပါဝင်ပြီး စစ်ဘက်အရာရှိတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် စစ်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။

ဗိုလ်လောင်းသင်တန်းဆင်းပွဲ ပြီးပြီးချင်း ဖောက်ခွဲရေးကိရိယာတွေ တပ်ဆင်ထားတဲ့ မောင်းသူမဲ့လေ ယာဉ်တွေနဲ့ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာလို့ ဆီးရီးယားစစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့အကြောင်းကိုတော့ ဘယ်အဖွဲ့အစည်းကမှ ထုတ်ဖော်ပြောကြားခဲ့ တာ မရှိသေးပါဘူး။

မကြံစဖူး တိုက်ခိုက်မှုဖြစ်ပြီး အကြမ်းဖက်အဖွဲ့အစည်းတွေ ဘယ်နေရာမှာရှိနေပါစေ အင်အားပြည့် လက် တုံ့ပြန်မယ်လို့ ဆီးရီးယားစစ်တပ်က ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

၂၀၁၁ ခုနှစ်အတွင်း ငြိမ်းချမ်းသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအပေါ် သမ္မတ ဘာရှားအယ်လ်အာ ဆတ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ဆီးရီးယားနိုင်ငံရဲ့ ၁၂ နှစ်ကြာ ပြည်တွင်းစစ်ပွဲဟာ ပြည်ပအင်အားကြီးတိုင်း ပြည်တွေနဲ့ ဂျီဟတ်ဝါဒီတွေ ထွက်ခွာမှုဖြစ်စေတဲ့ ပဋိပက္ခတစ်ခုအဖြစ် အရှိန်မြှင့်လာခဲ့ပါတယ်။

ဆီးရီးယားပဋိပက္ခကြောင့် ပြည်သူ ၅၀၀၀၀၀ ကျော် သေဆုံးခဲ့ပြီး တိုင်းပြည်လူဉီးရေရဲ့ ထက်ဝက်ကျော် ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

ကိုးကား – NHK
Ref; More than 100 killed in drone attack on Syrian military academy

#Ayeyarwaddy_Times