
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၆ ရက်
အမေရိကန်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ အီရန်နိုင်ငံထုတ် ကျည်ဆံ တစ်သန်းကျော်ကို ယူကရိန်းသို့ ပေးပို့လိုက်ပြီလို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
အီရန်နိုင်ငံမှ ယီမင်နိုင်ငံရှိ ဟူသီသူပုန်အဖွဲ့ထံ ပေးပို့တဲ့ ကျည်ဆံတွေကို အမေရိကန်ရေတပ်က ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလအတွင်း သိမ်းဆည်းရမိခဲ့တယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်က ပြောပါတယ်။
၇ ဒသမ ၆၂ မီလီမီတာ အဆိုပါကျည်ဆံတွေကို ယခုအခါ ယူကရိန်းသို့ ပေးပို့နေပြီလို့ အမေရိကန် ဗဟို စစ်ဌာနချုပ်က ဆိုပါတယ်။
“ဒီလက်နက်တွေ ပေးပို့မှုနဲ့အတူ တရားရေးဝန်ကြီးဌာနရဲ့ အာဏာရှင်အစိုးရတစ်ရပ်အား အရေးယူမှုက ယူကရိန်းပြည်သူတွေရဲ့ အခြားအာဏာရှင်အစိုးရတစ်ခုအပေါ် တိုက်ပွဲဝင်မှုကို တိုက်ရိုက် ပံ့ပိုးကူညီနေပါတယ်” လို့ အမေရိကန်ရှေ့နေချုပ် မားရက်ခ်ဂါလန်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ယူကရိန်းနိုင်ငံရဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီနဲ့ တရားဉပဒေစိုးမိုးရေး တိုက်ပွဲဝင်မှုကို တရားဝင် လုပ်ပိုင် ခွင့်ကို အသုံးချပြီး အမေရိကန်နိုင်ငံက ဆက်လက်ပြီး ပံ့ပိုးကူညီမယ်လို့ သူက ဆိုပါတယ်။
ရုရှားတပ်ဖွဲ့တွေကို မောင်းထုတ်ဖို့ တိုက်ပွဲဝင်နေတဲ့ ယူကရိန်းနိုင်ငံအတွက် တာဝေးပစ်လက်နက်တွေ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ဉီးစားပေးလိုအပ်တာကြောင့် အမေရိကန်နိုင်ငံက ယခုလိုမျိုး ကျည်ဆံ တွေပေးပို့တာဟာ ယူကရိန်းရဲ့ စစ်မြေမြင်မှာ တိုက်ပွဲဝင်မှုကို ထူးခြားမှုတွေ ဖြစ်လာစေဖွယ်မရှိပါဘူး။
သိမ်းဆည်းရမိတဲ့ ကျည်ဆံတွေကို လွှဲပြောင်းပေးတာဟာ ယူကရိန်းထံ အနောက်နိုင်ငံတွေမှ စစ်လက် နက်တွေ စီးဆင်းမှုနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေကို ဖြေလျှော့ပေးဖွယ်မရှိပါဘူး။
ယူကရိန်းသို့ ရန်ပုံငွေထောက်ပံ့ဖို့ ရီဗက်ပလီကင်အမတ်အချို့ရဲ့ ကန့်ကွက်မှုကြောင့် အမေရိကန်အစိုးရ ယန္တယားလည်ပတ်မှု ရပ်ဆိုင်းလုနီးပါးအခြေအနေကို ကာကွယ်ပေးခဲ့တဲ့ အသုံးစရိတ်ဉပဒေကြမ်းမှာ ယူကရိန်းအ တွက် ငွေကြေးပံ့ပိုးမှု ထပ်မံပြုလုပ်ဖို့ မပါရှိတော့ပါဘူး။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလအတွင်း ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ဒေါ်လာ ၄၄ ဘီ လီယံတန်ကြေးရှိ စစ်ရေးအကူအညီရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်နိုင်ငံက ယူကရိန်းသို့ ကျည်ဆံနဲ့လက် ပစ်ဗုံး သန်း ၃၀၀ ကျော် ပေးပို့ခဲ့ပြီးဖြစ်ပါတယ်။
ကိုးကား – ABC
Ref; US transfers 1.1 million rounds seized from Iran to Ukraine