ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၅ ရက်

လူ ၂ ဉီး သေဆုံးခဲ့တဲ့ ဗန်ကောက်မြို့တော်က ရှောပင်းမောတစ်ခုမှာ သေနတ်ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ဆယ်ကျော်သက်တစ်ဉီးကို ဖမ်းဆီးပြီးနောက် ထိုင်းနိုင်ငံက အွန်လိုင်းမှတစ်ဆင့် သေနတ်ရောင်းချမှုတွေကို ထိန်း ချုပ်ဖို့ကြိုးပမ်းမယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက်လူငယ် အသုံးပြုခဲ့တဲ့ သေနတ်ဟာ လူသေစေနိုင်တဲ့ လက်နက် တစ်ခုအဖြစ် မသတ်မှတ်ထားတဲ့ ပုံစံပြောင်းထားတဲ့ သေနတ်အမျိုးအစားဖြစ်ပြီး အွန်လိုင်းမှာ ဝယ်ယူခဲ့ဖွယ်ရှိ တယ်လို့ ထိုင်းရဲချုပ် တော်ဆတ်ခ်ဆူကီမိုလ်က ရုပ်သံအင်တာဗျူးတစ်ခုအတွင်း ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ပျံ့နှံ့နေတဲ့ တရားမဝင် တင်သွင်းထားတဲ့ သေနတ်အလက် ၁၀၀၀၀ ကျော်ရှိပြီး အစိုးရဌာန တွေက တရားမဝင် သေနတ်တင်သွင်းမှုကို ပိတ်ပင်ဖို့ လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။

အွန်လိုင်းမှာ သေနတ်ရောင်းချတဲ့ ဝဘ်ဆိုဒ်တွေ၊ အွန်လိုင်းပေ့ချ်တွေကို ပိတ်ပင်မယ့် ယန္တယားတစ်ခု ဖွဲ့ စည်းတာ အပါအဝင် အာဏာပိုင်တွေက ဉပဒေပြုဌာန်းပြီး သေနတ်ထိန်းချုပ်မှု ပြုလုပ်နိုင်တယ်လို့ တက္ကသိုလ် ကျောင်းသားတစ်ဉီးက ပြောပါတယ်။

ထိုင်းရဲတပ်ဖွဲ့က အင်တာနက်မှာ တရားမဝင် လက်နက်ရောင်းချမှုကို ကိုင်တွယ်ဖြေရှင်းမယ့် အဖွဲ့တစ်ခု ဖွဲ့စည်းမယ်လို့ ဒီသီတင်းပတ်အစောပိုင်းမှာ ထိုင်းရဲချုပ်ဖြစ်လာခဲ့တဲ့ တော်ဆတ်ခ်က ပြောပါတယ်။

လက်ရှိထိုင်းဉပဒေတွေအရ သေနတ်ပိုင်ဆိုင်သူဟာ ထောင်ဒဏ် ၁၀ နှစ်နဲ့ ဒဏ်ကြေး ၂၀၀၀၀ ပေးဆောင် ရနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ မကြာသေးမီနှစ်တွေအတွင်း အစုလိုက်အပြုံလိုက် ပစ်ခတ်မှုဖြစ်စဉ်တွေကြောင့် ဉပ ဒေတွေ တင်းကျပ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ နေ့ကလေးထိန်းကျောင်းတစ်ခုမှာ ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဉီးက ကလေးငယ် ၂၂ ဉီး အပါအဝင် လူ ၃၅ ဉီးကို ပစ်သတ်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်အတွင်း ထိုင်းစစ်သားတစ်ဉီးက ထိုင်းအရှေ့မြောက်ပိုင်းရှိ မြို့တော်တစ်ခုမှာ လူ ၂၉ ဉီး ထက်မနည်းကို ပစ်သတ်ခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်တွေအပြီး လိုင်စင်မဲ့သေနတ်တွေကို မှတ်ပုံတင်ဖို့ သို့မဟုတ် သတ်မှတ်ကာလအတွင်း အာ ဏာပိုင်တွေထံ လွှဲပြောင်းပေးခွင့်ပြုတဲ့ သေနတ်ဆိုင်ရာဉပဒေကြမ်းတစ်ရပ်ကို ထိုင်းအစိုးရဟောင်းက ရေးဆွဲခဲ့ပါ တယ်။

ကိုးကား – Reuters
Ref; Thai police target online gun sales after deadly mall shooting

#Ayeyarwaddy_Times