ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၅ ရက်
ဉရောပသမဂ္ဂနဲ့ အာဆီယံအဖွဲ့က ပူးတွဲကျင်းပမယ့် လူ့အခွင့်အရေးဆိုင်ရာ အစည်းအဝေးသို့ မြန်မာစစ် ကောင်စီ ကိုယ်စားလှယ်တွေကို ဖိတ်ကြားတဲ့ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။
အာဆီယံ အရပ်ဘက်ဖိုရမ်ကာလအတွင်း လူ့အခွင့်အရေးဆွေးနွေးပွဲသို့ တက်ရောက်ဖို့ မြန်မာစစ်ကောင် စီကို ဖိတ်ကြားမှုအပေါ် စိတ်ပျက်မိတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) အပါအဝင် လူ့အခွင့်အ ရေးအဖွဲ့ ၅ ဖွဲ့က ပူးတွဲထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
“စစ်ကောင်စီကိုယ်စားလှယ်တွေကို လူ့အခွင့်အရေး ဆွေးနွေးပွဲသို့ ဖိတ်ကြားတာဟာ ဉရောပသမဂ္ဂနဲ့ အာဆီယံအဖွဲ့ရဲ့ လုပ်ဆောင်ချက်နဲ့ ဆန့်ကျင်နေပါတယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
လူ့အခွင့်အရေး ဆွေးနွေးပွဲမှာ စစ်ကောင်စီကိုယ်စားလှယ်တွေကို ဖိတ်ကြားဖို့ နောက်ဆုံးမိနစ် ဆုံးဖြတ် ချက်က ရှက်ဖွယ်ရာဖြစ်သလို နားမလည်နိုင်ပါဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီကိုယ်စားလှယ်တွေကို ဖိတ်ကြားမှုဟာ ဉရောပသမဂ္ဂနဲ့ အာဆီယံအဖွဲ့ရဲ့ မြန်မာနိုင်ငံမှာ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ဖို့ ကြိုးပမ်းမှုတွေကို ထိခိုက်နစ်နာစေတယ်လို့ အဆိုပါအဖွဲ့တွေက ဆိုပါ တယ်။
ဉရောပသမဂ္ဂက မြန်မာစစ်ကောင်စီကို အသိအမှတ်မပြုဖို့ ဆုံးဖြတ်ခဲ့သလို ကြောက်မတ်ဖွယ်ရာ လူ့အ ခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထား ဒဏ် ခတ်အရေးယူဖို့ ချမှတ်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုရာရောက်စေတဲ့ မည်သည့် ဖြစ်နိုင်ဖွယ်ရာ လုပ်ဆောင်ချက် သို့မ ဟုတ် စကားလုံးတွေကိုလည်း လူ့အခွင့်အရေးအဖွဲ့တွေက ပယ်ချခဲ့ပါတယ်။
ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသားလူနည်းစုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူတွေ၊ အလုပ်သမားသမဂ္ဂတွေ၊ သတင်းထောက်တွေနဲ့ နိုင်ငံရေး အတိုက်အခံတွေ အပေါ် မြန်မာစစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်သော ဖြိုခွင်းမှုကို ထုတ်ပြန်ချက်က ရှုတ်ချခဲ့ပါတယ်။
ကိုးကား – UCA News
Ref; EU, ASEAN criticized for inviting Myanmar junta to rights meet