ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၁ ရက်
ကရင်နီပြည်နယ်အတွင်းက စစ်ဘေးရှောင်လူငယ်များကို ဦးစားပေးရွေးချယ်မဲ့ ၄ နှစ်တာ သူနာပြုတက္ကသိုလ်အတွက် Federal Nursing University of Karenni က လျှောက်လွှာများ ခေါ်ယူနေတယ်လို့ ဇူလိုင်လ ၁၉ ရက်နေ့ ရက်စွဲနဲ့ Karenni Nurses Association က ထုတ်ပြန်ထားပါတယ်။
အဆိုပါ တက္ကသိုလ်ကို ကရင်နီပြည်နယ်ရှိ အသက် ၁၇ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များ လျောက်ထားနိုင်ပြီး ကျောင်းအိပ်ကျောင်းစား တက်ရောက်ရမှာဖြစ်ပါတယ်။ တော်လှန်ရေးကာလအတွင်းမှာ စစ်ဘေးရှောင်လူငယ်တွေအပေါ် ဦးစားပေးခေါ်ယူတာ ဖြစ်တာကြောင့် ဝင်ကြေး ကောက်ခံမှာ မဟုတ်သလို ပညာအရည်အချင်းနဲ့ အရေအတွက် ကန့်သတ်ထားမှ ာမဟုတ်ဘဲ ဝင်ခွင့်စာမေးပွဲဖြေ အောင်မြင်အောင်ဖြေဆိုဖို့ လိုအပ်တယ်လို့ Karenni Nurses Association ရဲ့ တာဝန်ရှိသူတဦးက ဆိုပါတယ်။
တက္ကသိုလ်မှ ဘွဲ့ရပြီးနောက်ပိုင်းမှာလည်း ကရင်နီပြည်မှာ ၂ နှစ် ပြန်လည်ပြီး တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။ ကရင်နီပြည်နယ်အတွင်းက CDM သူနာပြုတွေနဲ့ ဖွဲ့စည်းထားတဲ့ Karenni Nurses Association ဟာ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC ရဲ့ ကျန်းမာရေးကော်မတီနဲ့ ချိတ်ဆက်ကာ ကရင်နီလူထုကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။