
ဧရာဝတီတိုင်းမ်
(ညောင်လေးပင်)၊ အောက်တိုဘာလ ၄ ရက်
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်က ထိတွေ့တိုက်ပွဲများတွင် အထိနာခဲ့သည့်အတွက် အောက်တိုဘာလ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် ၂ ရက်ဆက်တိုက် မီးတင်ရှို့၍ ကျေးရွာကိုဖျက်ဆီး ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ပုဇွန်မြောင်းရွာကိုအောက်တိုဘာလ ၂ ရက်နေ့ ညနေပိုင်းအချိန်မှ စတင်မီးရှို့ခဲ့ခြင်းဖြစ်ပြီး နေအိမ်အလုံး ၅၀ ဝန်းကျင် မီးလောင်ကျွမ်းခဲ့ပြီး အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ထပ်မံမီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၀ လုံးဝန်းကျင် မီးလောက်ကျွမ်းခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“စစ်တပ်က နှစ်ရက် ဆက်တိုက် မီးရှို့တဲ့အတွက် အိမ်ခြေ ၆၀ကျော်ဆုံးရှုံးထားရပါတယ်။ အခုစစ်ကောင်စီတပ်က ရွာထဲမှာပဲ ရှိပါတယ်။ သူတို့ အင်အားထပ်တိုးထားပါတယ်။ ဒေသခံတွေစစ်ဘေးရှောင်ကုန်ကျပြီ။ အနီးနားရွာတချို့လဲ ရှောင်တဲ့သူတွေရှောင် ကြပါပြီ” ဟု Spring Warriors Column ပြန်ကြာရေးတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့က ပုဇွန်မြောင်းရွာ အနီးဝန်းကျင်ရှိ ကျေးရွာချင်းဆက်လမ်းများကို ဖျက်ဆီးရန်လာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဆယ်ယောက်ကျော်သေဆုံးခဲ့ပြီး အထိနာခဲ့သည့်အတွက် ယခုကဲ့သို့မီးရှို့ခြင်း ဖြစ်နိုင်ကြောင်း ဝောာ်လှန်ရေးတပ်ဖွဲ့ဝင် များက ဆိုသည်။
ပဲခူးတိုင်း၊ စစ်ဝောာင်းမြစ်ဝှမ်းဒေသတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများအတွင်း စစ်တပ်က နေအိမ်မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်နေပြီး ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်ကလည်း မုန်းမြို့နယ်၊ ငထွေစုပ်ကျေးရွာရှိ နေအိမ် အလုံး ၃၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။
ဓာတ်ပုံ – Spring Warriors Column
#ညောင်လေးပင် #ပုဇွန်မြောင်း #မီးရှို့ဖျက်ဆီးခံရ #နေအိမ်မီးရှို့ #စစ်တပ် #Ayeyarwaddy_Times