
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၄ ရက်
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ နံကပ်ကြီးကျေးရွာတွင် အောက်တ်ိုဘာလ ၃ ရက်နေ့က မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၄ လုံးအရေးပေါ် ရွှေ့ပြောင်းခဲ့ရကြောင်းသိရှိရသည်။
ဧရာ၀တိီမြစ်ရေတိုက်စားမှုကြောင့် မြေပြိုမှုများဖြစ်လာသဖြင့် ကမ်းအနီးမှာနေထိုင်သည့် နေအိမ် ၄ လုံးအရေးပေါ်ရွှေ့ပြောင်းခဲ့ရခြင်းဖြစ်ကြောင်း တိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက သိရှိရသည်။
” ကမ်းပြိုကျတဲ့နေရာနဲ့ အိမ်တွေနဲ့ အကွာအဝေးနီးလာတာကြောင့် ရွှေ့လိုက်ရတာ၊ ထောက်ပံမှုတွေတော့လုပ်ပေးထားတယ်”ဟုဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းတဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
နေအိမ်ဖျက်သိမ်းပြီး ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးခဲ့ရသည့် မိသားစု ၄ စုမှာလက်ရှိတွင်နီးစပ်ရာဆွေမျိုးနေအိမ်နှင့် ဘုန်းကြီးကျောင်း စာသင်ကျောင်းများတွင် ယာယီနေထိုင်နေကြောင်းသိရှိရသည်။
ဧရာဝတီတိုင်းတွင် စက်တင်ဘာလအတွင်း မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် နေအိမ်၂၀၀ ကျော်နှင့် မူလတန်းကျောင်းတစ်ကျောင်း အရေးပေါ်ရွှေ့ပြောင်းခဲ့ရကြောင်း တိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှသိရှိရသည်။
#အင်္ဂပူမြို့နယ် #မြစ်ကမ်းပါးပြိုကျ #နေအိမ်ရွှေ့ပြောင်း #စစ်ကောင်စီတပ် #Ayeyarwaddy_Times