ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၄ ရက်

အောက်တိုဘာလ ၃ ရက် နေ့လည်ပိုင်းက ဗန်ကောက်မြို့လယ်ရှိ ဈေးဝယ်စင်တာတစ်ခုအတွင်း သေနတ် သမားတစ်ဉီးက ပစ်ခတ်မှုပြုလုပ်ခဲ့ရာ လူနှစ်ဉီး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် လူ ၃ ဉီး သေဆုံးခဲ့တယ်လို့ ကနဉီး သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဗန်ကောက်မြို့ တော်ရဲ့ အကြီးမားဆုံး ဈေးဝယ်စင်တာတစ်ခုဖြစ်တဲ့ Siam Paragon Mall မှာ သေနတ်ပစ်ခတ်မှုဖြစ်စဉ်အပြီး တစ်နာရီခန့်အတွင်း သေနတ်သမားလို့ သံသယရှိသူကို ဖမ်းဆီးမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဆင့်မြင့်ဖက်ရှင်တွေ၊ ဇိမ်ခံကားတွေ ရောင်းချပြီး ရုပ်ရှင်ရုံတစ်ရုံ၊ ငါးပြတိုက်တစ်ခုနဲ့ ကြယ် ၅ ပွင့်အ ဆင့် Kempinski ဟိုတယ်တို့ ပါဝင်တဲ့ Siam Paragon Mall မှာ အခြေအနေကို ထိန်းချုပ်နိုင်ပြီလို့ ရဲတပ်ဖွဲ့ ပြော ရေးဆိုခွင့်ရှိသူ အာချာယွန်ကရိုင်သောင်က သတင်းထောက်တွေကို ပြောပါတယ်။

သေနတ်ပစ်ခတ်မှုဖြစ်စဉ်မှာ လူ ၃ ဉီး သေဆုံးခဲ့ပြီး ၆ ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ ဗန်ကောက်မြို့တော် အရေးပေါ်ကျန်းမာရေးစင်တာ ညွှန်ကြားရေးမှူး ယုသန်နာဆရက်သာနန်က ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်က ဖြစ်ပွားခဲ့တဲ့ မူကြိုကလေးငယ် အများစုပါဝင်တဲ့ လူ ၃၆ ဉီး သေဆုံးခဲ့တဲ့ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နေ့ကလေးထိန်းစင်တာအား သေနတ်၊ ဓားတို့ဖြင့် တိုက်ခိုက်မှုဖြစ်စဉ် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပဖို့ ထိုင်းပြည်သူတွေက ပြင်ဆင်နေစဉ် အခုလို တိုက်ခိုက်မှုဖြစ်ပွားတာပါ။

လူမှုကွန်ရက်တွေမှာတင်ထားတဲ့ ရုပ်သံဖိုင်တွေမှာ အဆောက်အအုံတစ်လုံးအတွင်းမှ လူတွေ ထွက်ပြေး နေပြီး ဘေ့စ်ဘောဉီးထုပ်၊ ရှပ်အင်္ကျီအနက် ဝတ်ဆင်ထားတဲ့ လူတစ်ဉီးက လက်လုပ်သေနတ်တစ်လက် ကိုင် ဆောင်ထားတာကို ပြသပါတယ်။

လူမှုကွန်ရက်မှာ နောက်ပိုင်းတင်ခဲ့တဲ့ ရုပ်သံဖိုင်မှာတော့ သေနတ်သမားက ရဲတပ်ဖွဲ့ထံ လက်နက်ချတာ ကို မြင်တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာ သေနတ်နဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားလေ့မရှိဘဲ အစုလိုက်အပြုံလိုက် ပစ် ခတ်မှုတွေ တစ်ခါတစ်ရံမှသာ ဖြစ်ပွားပါတယ်။

၂၀၂၀ ပြည့်နှစ်အတွင်း စိတ်ချဉ်ပေါက်နေတဲ့ စစ်သားတစ်ဉီးက ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နာခွန်ရတ် ချာစီမာမြို့တော်ရှိ ဈေးဝယ်စင်တာတစ်ခုဝန်းကျင်ကို သေနတ်နဲ့ပစ်ခတ်ခဲ့ရာ လူ ၂၉ ဉီး သေဆုံးခဲ့ပြီး ပစ်ခတ်မှုဖြစ် စဉ်အပြီး ၁၆ နာရီခန့်အကြာမှာ လုံခြုံရေးတပ်ဖွဲ့က သူ့ကို အသေပစ်သတ်ခဲ့ပါတယ်။

ကိုးကား – VOA
Ref; Shooting at Bangkok Shopping Mall Kills 2; Suspect in Custody

#Ayeyarwaddy_Times