
နွေဦးမောင် /ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့ အမှတ် (၄) ရပ်ကွက်၊ ဒီပဲရင်းဘုန်းကြီးကျောင်းရှိ နဂါးရုံ ဘုရားရေကန်ထဲအတွင်းတွင် ယမန်နေ့ အောက်တိုဘာ ၂ ရက်နေ့ ညပိုင်းက အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
သေဆုံးသူမှာ အမှတ် (၂)ရပ်ကွက် ခိုင်ရွှေဝါလမ်းတွင် နေထိုင်သည့် ကိုချစ်ကိုကို အသက် (၃၀) နှစ်ဖြစ်ပြီး ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
“ရေဆင်ကူးတာတော့ ဘယ်နှစ်ယောက်လည်းမသိဘူးဗျ။ ရေနစ်လို့ဆိုပြီး မအူပင်မြို့ နယ်မီးသတ်တပ်ဖွဲ့တွေ ကားတွေနဲ့ရောက်လာပြီး ကယ်ဆယ်ရေးလုပ်နေတာတွေ့တာ။ ကိုချစ်ကိုကို ကတော့ ကန်ထဲမှာ သေနေတာကိုတွေ့တာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မီးသတ်တပ်ဖွဲ့ဝင်များသည် ရေနစ်သေဆုံးသူ ကိုချစ်ကိုကို၏ အလောင်းကို ကန်အတွင်းမှ ဆယ်ယူ၍ ည ၇နာရီ၃၀ မိနစ်ခန့်တွင် ဆေးရုံသို့ သယ်ဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။
“ တိတိကျကျတော့ မသိဘူး။ ရေနစ်သေတဲ့သူက အရက်မူးပြီး ပြုတ်ကျတယ်လို့လည်း ရပ်ကွက်ထဲမှာတော့ ပြောနေကြတာပဲ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ပုံစာ- သေဆုံးသူအား ရေကန်အတွင်းမှ ပြန်လည် ဆယ်ယူနေစဉ်
#မအူပင်မြို့ #နဂါရုံဘုရားရေကန် #ရေနစ်သေဆုံး #Ayeyarwaddy_Times