
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃ ရက်
အင်ဒိုနီးရှား နိုင်ငံပိုင်စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်း ၃ ခုဟာ မြန်မာစစ်တပ်ထံ လက်နက်တွေ ရောင်းချပြီး ဉပဒေကို ချိုးဖောက်ခဲ့တယ်လို့ အင်ဒိုနီးရှားရှေ့နေချုပ်နဲ့ တက်ကြွလှုပ်ရှားသူက လူ့အခွင့်အရေးကော် မရှင်ထံ တင်ပြထားတဲ့ တိုင်တန်းစာတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
တရားလိုတစ်ဉီးဖြစ်တဲ့ အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် ဉက္ကဌ မာဇူကီဒါရက်စမန်းက PT Pindad၊ PT PAL နဲ့ PT Dirgantara တို့ဟာ ၂၀၂၁ ခုနှစ် အာ ဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း အပါအဝင် ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာစစ်တပ်ထံ စစ်လက်နက်တွေ ရောင်းချ ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံပိုင်လုပ်ငန်းတွေက မြန်မာစစ်တပ်ထံ တရားမဝင် ရောင်းချခဲ့တဲ့ စစ်လက်နက်တွေထဲမှာ ချေမှုန်းရေးရိုင်ဖယ်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ တိုက်ခိုက်ရေးယာဉ်တွေ၊ အခြားကိရိယာတွေ ပါဝင်တယ်လို့ Benar News က ဖော်ပြပါတယ်။
အင်ဒိုနီးရှားအစိုးရရဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဉပဒေနဲ့ လူသားချင်းစာနာမှုဉပဒေပါ တာဝန်ဝတ္တရား တွေကို လိုက်နာစောင့်ထိန်းဖို့ဆန္ဒအပေါ် သံသယရှိစေပါတယ်လို့ မာဇူကီက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။
အင်ဒိုနီးရှားအစိုးရဟာ အာဏာသိမ်းမှုအလွန် မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ဝေဖန်ခဲ့ပေ မယ့် မြန်မာနိုင်ငံမှာ သွေးထွက်သံယိုမှုတွေ အဆုံးသတ်ဖို့ မလုပ်ဆောင်နိုင်ခဲ့တာကြောင့် အာဆီယံအဖွဲ့ကလည်း အပြင်းအထန် ဝေဖန်ခံခဲ့ရပါတယ်။
မာဇူကီနဲ့အတူ ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း (CHRO) ခေါင်းဆောင် Salai Za Uk Ling နဲ့ Myanmar Accountability Project တို့က အင်ဒိုနီးရှား လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားခဲ့တာဖြစ်ပါတယ်။
အင်ဒိုနီးရှားကုမ္ပဏီတွေဟာ စစ်ကောင်စီခန့် ဝန်ကြီးတစ်ဉီးရဲ့သားဖြစ်သူ ပိုင်ဆိုင်တဲ့ မြန်မာအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ True North Co. Ltd., မှတစ်ဆင့် စစ်လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ လွှဲပြောင်းခဲ့တာလို့ မီဒီယာသတင်းတွေက ဖော်ပြပါတယ်။
မြန်မာစစ်တပ်နဲ့ အင်ဒိုနီးရှားနိုင်ငံပိုင်လုပ်ငန်းတွေကြား သဘောတူညီချက်တွေ စေ့စပ်ညှိနှိုင်းပေးတဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုအဖြစ် True North Co Ltd., ရဲ့ အခန်းကဏ္ဍဟာ အင်ဒိုနီးရှားအာဏာပိုင်တွေ စုံစမ်းဖော် ထုတ်သင့်တဲ့ အကျင့်ပျက်ချစားမှု သံသယတွေ ဖြစ်လာနိုင်တယ်လို့ အဆိုပါအဖွဲ့က ပြောပါတယ်။
True North Co Ltd., ရဲ့ပိုင်ရှင်ဟာ အမေရိကန်၊ ကနေဒါ၊ ဉရောပသမဂ္ဂရဲ့ ဒဏ်ခတ်အရေးယူမှုခံထားရ တဲ့ စစ်ကောင်စီခန့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဉီးဝင်းရှိန်းရဲ့သားဖြစ်သူ ထူးထူးရှိန်းဉီးဖြစ်ပါတယ်။
ကိုးကား – RFA
Ref; Complaint targets ‘illegal’ Indonesian arms sales to Burma