နွေဦးမောင်/ဧရာဝတီတိုင်းမ်
အောင်တိုဘာလ ၃ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ မေတ္တာလမ်းသွယ် (၃) လမ်းထိပ်တွင် ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၄ နာရီကျော်က ကမ္ဘောဇဘဏ်ဝန်ထမ်း တစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

အသတ်ခံရသူသည် ကမ္ဘောဇဘဏ်ဝန်ထမ်း ကိုတင်မောင်အေးဆိုသူဖြစ်ပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခြင်းဖြစ်သည်ကို သိရှိရခြင်းမရှိပေ။

“သေနတ်နဲ့ ပစ်သတ်ခံရတာတော့ ကြားတယ်။ အသတ်ခံရသူက KBZ ဘဏ်ဝန်ထမ်းပါ။ ဘယ်အဖွဲ့စည်းက လုပ်တယ်ဆို တာတော့မသိဘူး။ ငွေရေး ကြေးရေး ကိစ္စတွေကြောင့် အသတ်ခံရတာဆိုပြီး ပြောနေတာရှိတယ် ” ဟု အမည်မဖော်လိုသည့် မြဝတီဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

ဘဏ်ဝန်ထမ်း ကိုတင်မောင်အေး သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် မြဝတီမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) အဖွဲ့များနှင့် စစ်ကောင်စီတပ်များ ရောက်လာ၍ ရှာဖွေစစ်ဆေးမှု့တွေ ပြုလုပ်နေကြောင်းဒေသခံများ ထံကသိရသည်။

#မြဝတီမြို့တွင်#ကမ္ဘောဇဘဏ်ဝန်ထမ်းတစ်ဦး# သေနတ်ဖြင်ပစ်သတ်ခံရ #Ayeyarwaddy_Times