ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃ ရက်

ဖိလစ်ပိုင်နဲ့ အမေရိကန်နိုင်ငံဟာ မိတ်ဖက်တိုင်းပြည်တွေပါဝင်တဲ့ နှစ်စဉ်ပြုလုပ်နေကျ ရေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်ပြီလို့ သိရပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေ ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ ဖိလစ်ပိုင်နဲ့တရုတ်ကြား တင်း မာမှုတွေ မြင့်တက်နေစဉ် နိုင်ငံစုံရေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်တာပါ။

ဖိလစ်ပိုင်နဲ့ အမေရိကန်ရေတပ်ဖွဲ့တွေဟာ ဂျပန်၊ ကနေဒါ၊ ဗြိတိန်နဲ့ ပြင်သစ် အပါအဝင် ယခုနှစ်ပြုလုပ် တဲ့ “Samasama” စစ်ရေးလေ့ကျင့်မှုမှာ ၇ နိုင်ငံကို ဖိတ်ကြားခဲ့ပါတယ်။

တပ်ဖွဲ့ဝင် ၂၀၀၀ ခန့်ပါဝင်တဲ့ အကြီးမားဆုံး ၁၂ ရက်ကြာ ပူးတွဲ ရေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုကို ဖိ လစ်ပိုင်နိုင်ငံတောင်ပိုင်း လူဇုန်ကျွန်း ရေပိုင်နက်အတွင်း ပြုလုပ်နေတာဖြစ်ပါတယ်။

ဖိလစ်ပိုင်နဲ့အမေရိကန်ရေတပ်တွေကြား တိုက်ခိုက်ရေး လေ့ကျင့်မှုတွေဟာ အတူလက်တွဲဆောင်ရွက်မှု စွမ်းရည်တိုးတက်လာဖို့ ရည်ရွယ်ပါတယ်။ အောက်တိုဘာလ ၂ ရက်က မနီလာမြို့တော်မှာပြုလုပ်တဲ့ ရေတပ်ဆိုင် ရာ စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံ ၉ ခုမှ အရာရှိတွေ တက်ရောက်ခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုဟာ မိတ်ဖက်ဆောင်ရွက်မှုနဲ့ အာရှ-ပစိဖိတ်ဒေသ လုံခြုံရေးနဲ့တည်ငြိမ်မှု ကတိကဝတ် အတွက် အမှတ်သညှာတစ်ခုလို့ ဖိလစ်ပိုင်ရေတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး တိုရီဘီယိုအဒါစီက မိန့်ခွန်းတစ်ခုအတွင်း ပြောပါတယ်။

ဂျပန်ရေတပ်က စစ်ရေးလေ့ကျင့်မှုသို့ တပ်ဖွဲ့ဝင် ၇၀ ဝန်းကျင်ပါဝင်တဲ့ ဖျက်သင်္ဘော Akebono ကို စေ လွှတ်ကာ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီ ပေးပို့မှုတွေ လေ့ကျင့်မှာဖြစ်ပါ တယ်။

စစ်ရေးလေ့ကျင့်မှုက ဖိလစ်ပိုင်၊ အမေရိကန်နဲ့သာမက အခြားမိတ်ဖက်ရေတပ်တွေနဲ့ ဂျပန်ရေတပ်ရဲ့ သ တင်းအချက်အလက်ဖလှယ်မှုနဲ့ ရှိယင်းစွဲ ကောင်းမွန်သော ဆက်ဆံရေးကို မြှင့်တင်ပေးမယ်လို့ ဂျပန်ရေတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး ဖူကူဒါတတ်ဆူယာက ပြောပါတယ်။

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ် ရေပိုင်နက်အတွင်း အင်အားပြသမှုတွေ ပြုလုပ်နေတာကြောင့် တောင်တရုတ်ပင်လယ် ပိုင်နက်နယ်မြေ အငြင်းပွားမှုတွေ အရှိန်မြှင့်လာခဲ့ပါတယ်။

အစောပိုင်းရက်များက စကားဘရော့ဂျ် သောင်စွယ်အနီး ချထားတဲ့ တရုတ်နိုင်ငံရဲ့ ရေပေါ်အတားအဆီး တွေကို ဖယ်ရှားဖို့ ဖိလစ်ပိုင်နိုင်ငံက အောက်တိုဘာလ ၂ ရက်မှာ အထူးစစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ခဲ့ပါတယ်။

အဆိုပါသောင်စွယ်ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အထူးသီးသန့်စီးပွားရေးဇုန်အတွင်း တည်ရှိပေမယ့် ၂၀၁၂ ခုနှစ် နောက်ပိုင်း ထိထိရောက်ရောက် ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ကိုးကား – NHK
Ref; Philippines, US launch joint naval drills with partners

#Ayeyarwaddy_Times