ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂ ရက်

ပိုလီယို သို့မဟုတ် အခြား အဖြစ်များတဲ့ ရောဂါ ၈ မျိုးအတွက် သားသမီးတွေကို ကာကွယ်ဆေးထိုးနှံပေး ဖို့ ပျက်ကွက်တဲ့ မိဘတွေကို ထောင်ဒဏ် ၁ လ ချမှတ်မယ့် ဉပဒေကြမ်းတစ်ရပ်ကို ပါကစ္စတန်နိုင်ငံ၊ ဆင်းပြည်နယ် အစိုးရက ပြီးခဲ့တဲ့လအတွင်း တင်သွင်းခဲ့ပါတယ်။

ဒါဇင်နဲ့ချီတဲ့ ကာကွယ်ဆေးထိုးနှံပေးသူတွေ ပစ်သတ်ခံခဲ့ရတဲ့ ပါကစ္စတန်နိုင်ငံမှာ အဆိုပါဉပဒေကြမ်းကို အတည်ပြုမယ်ဆိုရင် ပိုလီယို ကာကွယ်ဆေးအပေါ် ပြည်သူတွေရဲ့ယုံကြည်မှု ထိခိုက်လာမှာကို ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့အစည်း (WHO) မှ ကျွမ်းကျင်သူတွေက စိုးရိမ်နေပါတယ်။

“ကာကွယ်ဆေးထိုးပေးဖို့ အကျပ်ကိုင်တာဟာ ဖြစ်စေချင်တာနဲ့ တစ်ခြားစီပဲ” လို့ အရှေ့ပိုင်း မြေထဲပင် လယ်ဆိုင်ရာ WHO ရဲ့ ပိုလီယိုရောဂါဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ ဟာမက်ဂျက်ဖာရီက သတိပေးပါတယ်။

ဒီလို အကျပ်ကိုင်ပြီး ကာကွယ်ဆေးထိုးနှံမယ့် အစီအမံတွေကို ဉပဒေပြုဖို့ဆန္ဒရှိမယ်ဆိုရင် သူ့အနေနဲ့ အံ့ အားသင့်မိလိမ့်မယ်လို့ ဒေါက်တာ ဟာမက်ဂျက်ဖရီက ပြောပါတယ်။

ပါကစ္စတန်နဲ့ အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပိုလီယိုရောဂါပျံ့နှံ့မှုကို မတိုက်ဖျက်နိုင် သေးတဲ့ ကမ္ဘာ့တိုင်းပြည်နှစ်ခု ဖြစ်ပါတယ်။ အဆိုပါ ၂ နိုင်ငံက အသက် ၅ နှစ်အရွယ် ကလေးငယ်တွေမှာ ပိုလီယို ရောဂါ အဖြစ်များပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း WHO နဲ့ မိတ်ဖက်နိုင်ငံတွေက ပိုလီယိုရောဂါ တိုက်ဖျက်ဖို့ ကြိုးပမ်းမှုအနေနဲ့ ဘီလီယံနဲ့ချီတဲ့ ကာကွယ်ဆေးတွေ ထိုးနှံခဲ့ပြီး ကုန်ကျစရိတ်က ဒေါ်လာ တစ်ဘီလီယံနီးပါးရှိကာ ရန်ပုံငွေကို အ လှူရှင်နိုင်ငံတွေနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေက မတည်ပေးခဲ့ပါတယ်။

ကလေးတွေရဲ့ပါးစပ်အတွင်း အစက်ချတိုက်ကျွေးရတဲ့ ကာကွယ်ဆေးဟာ ပိုလီယိုရောဂါဖြစ်ပွားမှုကို ၉၉ ရာခိုင်နှုန်းကျော် လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

ဇန်နဝါရီလအတွင်း ပါကစ္စတန်နိုင်ငံ၊ ဆင်းပြည်နယ်ရှိ မိဘ ၆၂၀၀၀ ခန့်က သားသမီးတွေကို ပိုလီယိုကာ ကွယ်ဆေး တိုက်ကျွေးဖို့ ငြင်းဆန်ခဲ့တာကြောင့် အာဏာပိုင်တွေက ကာကွယ်ဆေးတိုက်ကျွေးဖို့ ငြင်းဆန်တဲ့မိဘ တွေကို ပြစ်ဒဏ်ပေးမယ့်ဉပဒေကြမ်းတစ်ရပ် ပြဌာန်းဖို့ တင်ပြခဲ့တာဖြစ်ပါတယ်။

ဉပဒေကြမ်းအရ သားသမီးတွေကို ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးဖို့ ငြင်းဆန်တဲ့ မိဘတွေကို ထောင် ဒဏ် ၁ လအပြင် ရူပီး ၅၀၀၀၀ ဒဏ်ကြေးရိုက်မယ်လို့ သိရပါတယ်။

ကိုးကား – The Hindustan Times
Ref; Pakistan considers a new way to boost polio vaccination: Jail