ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂ ရက်

Taurus ဒုံးကျည်တွေထုတ်လုပ်တဲ့ ဂျာမနီစက်ရုံတွေက ဒုံးကျည်တွေ ကိယက်ဗ်ကို ထောက်ပံ့ပြီး ယူက ရိန်းတပ်ဖွဲ့တွေကို လေ့ကျင့်ပေးနေတဲ့ ဗြိတိန်တပ်ဖွဲ့ဝင်တွေကို ယူကရိန်းသို့ စေလွှတ်မယ်ဆိုရင် ရုရှားတပ်ဖွဲ့တွေ ရဲ့ တရားဝင်ပစ်မှတ်တွေ ဖြစ်လာမယ်လို့ ရုရှားသမ္မတဟောင်း ဒီမီထရီမတ်ဗီဒတ်ဗ်က သတိပေးလိုက်ပါတယ်။

အနောက်နိုင်ငံတွေရဲ့ ယင်းသို့သော အပြုအမူတွေက တတိယကမ္ဘာစစ်ဖြစ်ဖို့ နီးကပ်လာစေတယ်လို့ ရု ရှားနိုင်ငံရေးနယ်ပယ်မှာ ရန်လိုသော အနောက်တိုင်းဆန့်ကျင်ရေးသမားဖြစ်သူ ရုရှား လုံခြုံရေးကောင်စီ ဒုတိယ ဉက္ကဌ မတ်ဗီဒတ်ဗ်က ပြောပါတယ်။

ဗြိတိန် သို့မဟုတ် အခြား အနောက်နိုင်ငံတွေမှာ ယူကရိန်းတပ်ဖွဲ့တွေကို လေ့ကျင့်ပေးတဲ့အပြင် စစ်ဘက် နည်းပြတွေကို ယူကရိန်းသို့ စေလွှတ်လိုတယ်လို့ အင်တာဗျူးတစ်ခုအတွင်း ပြောကြားခဲ့တဲ့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီး ဂရန့်ရှတ်ပ်ရဲ့ မှတ်ချက်စကားကို မတ်ဗီဒတ်ဗ်က တယ်လီဂရမ်ပို့စ်တစ်ခုအတွင်း အခုလို တုံ့ပြန်ခဲ့တာပါ။

“ဗြိတိန် စစ်ဘက်နည်းပြဆရာတွေကို ယူကရိန်းကို စေလွှတ်မယ်ဆိုရင် ရုရှားတပ်ဖွဲ့တွေရဲ့ တရားဝင်ပစ် မှတ် ဖြစ်လာနိုင်ပါတယ်” လို့ သူက ဆိုပါတယ်။

ယူကရိန်းနိုင်ငံသို့ စစ်ဘက်နည်းပြဆရာတွေ ချက်ချင်း စေလွှတ်မယ့်အစီအစဉ် မရှိသေးဘူးလို့ ဗြိတိန် ဝန်ကြီးချုပ် ရီရှီဆူနတ်ခ်က ပြောပါတယ်။

“ကာကွယ်ရေးဝန်ကြီးပြောတာက အနာဂတ်မှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို ယူကရိန်းမှာဘဲ လေ့ကျင့် ပေးဖို့ ဖြစ်လာနိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်” လို့ မန်ချက်စတာမြို့မှာပြုလုပ်တဲ့ အာဏာရ ကွန်ဆာဗေးတစ် ပါတီရဲ့ ညီလာခံအစမှာ သူက သတင်းထောက်တွေကို ပြောပါတယ်။

ရုရှားပိုင်နက်နယ်မြေတွေကို တိုက်ခိုက်ကာ မော်စကိုရဲ့ တပ်ဖွဲ့တွေထံ ထောက်ပံ့မှုကို ကန့်သတ်နိုင်တဲ့ Taurus ခရုဇ်ဒုံးကျည်တွေ ယူကရိန်းသို့ ထောက်ပံ့လိုတဲ့ ဂျာမနီနိုင်ငံကိုလည်း မတ်ဗီဒတ်ဗ်က သတိပေးလိုက်ပါ တယ်။

“သူတို့ကတော့ နိုင်ငံတကာဉပဒေနဲ့အညီလို့ ပြောကြပါတယ်။ ဒါဆိုရင်လည်း ဒုံးကျည်တွေထုတ်လုပ်တဲ့ စက်ရုံတွေအပေါ် တိုက်ခိုက်တာလည်း နိုင်ငံတကာဉပဒေ အပြည့်အဝ လိုက်နာတာပဲဖြစ်ပါတယ်” လို့ သူက ဆိုပါ တယ်။

ကိုးကား – Reuters
Ref; Russia could target any British soldiers training troops in Ukraine, Medvedev says

#Ayeyarwaddy_Times