ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂ ရက်

မြောက်ကိုရီးယားကို နျူကလီးယားလက်နက်ပိုင် နိုင်ငံတစ်ခုအဖြစ် ဘယ်တော့မှ အသိအမှတ်ပြုမှာ မ ဟုတ်ဘဲ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ဖို့ကြိုးပမ်းရင် ဒဏ်ခတ်အရေးယူမှုတွေသာ ပိုမို ဖြစ်လာစေမယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်မှုက တရားဝင် အချုပ်အချာအာဏာပိုင်တိုင်း ပြည်တစ်ခုရဲ့ လုပ်ပိုင်ခွင့်လို့ဆိုတဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေရဲ့ ထုတ်ပြန်ချက်ကို တောင် ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

“နိုင်ငံတကာအသိုင်းအဝိုင်းက မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်ကို ပိတ်ပင်ထား ပါတယ်။ မြောက်ကိုရီးယားကို နျူကလီးယားလက်နက်ပိုင် တိုင်းပြည်တစ်ခုအဖြစ် ဘယ်တော့မှ အသိအမှတ်ပြု မှာမဟုတ်ဘဲ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဒဏ်ခတ်အရေးယူမှုတွေသာ ပိုမို ရင်ဆိုင်ရမှာဖြစ်ပါတယ်” လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အတွင်း ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဉပဒေအတွင်း နျူကလီးယားတပ်ဖွဲ့မူဝါဒ မြှင့်တင်မယ့် မြောက်ကိုရီးယားရဲ့ အစီအမံနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့အပတ်အတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အစည်းအဝေးတစ်ရပ် ကျင်းပခဲ့တာကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေက ထုတ်ပြန်ချက်အတွင်း ဝေဖန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်းပြုလုပ်တဲ့ ခေါင်းဆောင် ကင်ဂျုံအန် တက်ရောက်ခဲ့တဲ့ ၁၄ ကြိမ်မြောက် ပြည်သူ့ညီ လာခံမှာ နျူကလီးယားလက်နက်တွေကို အဆင့်မြှင့်တင်ဖို့ ကြိုးပမ်းပြီး ဒေသတွင်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ကာ ကွယ်စောင့်ရှောက်ဖို့ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ တရားဝင် အချုပ်အချာအာဏာပိုင်ဆိုင်မှုကို ‘ရန်စမှုနဲ့ ခြိမ်းခြောက်မှု’ အဖြစ် ရည်ညွှန်းတဲ့ အမေရိကန် အပါအဝင် ရန်လိုသောတပ်ဖွဲ့တွေရဲ့ ဉပဒေနဲ့မညီညွတ်သော အဆင်အခြင်မဲ့လုပ်ရပ်တွေ ကို အပြင်းအထန် ရှုတ်ချတယ်လို့ ချိုဆွန်ဟွေက ပြောပါတယ်။

ကိုးကား – Yonhap
Ref; S. Korea says N. Korea will never be recognized as nuclear-weapon state

#Ayeyarwaddy_Times