
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁ ရက်
ပရောဖက်မိုဟာမက် မွေးနေ့အထိမ်းအမှတ် ဘာသာရေးအခမ်းအနားတစ်ခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ရာ လူပေါင်းဒါဇင်နဲ့ချီ သေဆုံးခဲ့တယ်လို့ ပါကစ္စတန်ရဲတပ်ဖွဲ့က ပြောပါတယ်။
စက်တင်ဘာလ ၂၉ ရက်က ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်က ဈေးတစ်ခု မှာ အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့တာပါ။
လူတစ်ဉီးက ဗုံးတစ်လုံးနဲ့အတူ လုံခြုံရေးယာဉ်တစ်စင်းအနီး ချည်းကပ်လာပြီး ဗုံးကို ဖောက်ခွဲခဲ့တာလို့ ပါကစ္စတန်ရဲတပ်ဖွဲ့က ပြောပါတယ်။
အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၅၁ ဉီး သေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ပါကစ္စတန်ရဲ တပ်ဖွဲ့က ဆိုပါတယ်။
အသေခံဗုံးဖောက်ခွဲမှုနဲ့ပတ်သက်လို့ ဘယ်သူ့လက်ချက်ဆိုတာ ဘယ်အဖွဲ့အစည်းကမှ ထုတ်ဖော်ပြော ကြားခြင်း မရှိသေးပါဘူး။
ဇန်နဝါရီလအတွင်းကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမတိုင်မီ စစ်သွေးကြွအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ မြင့်တက်လာစဉ် အခုလို အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားတာပါ။
ကိုးကား – NHK
Ref; Dozens killed in Pakistan suicide attack