
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃၀ ရက်
ရုရှားစစ်တပ်အတွင်း တပ်သားသစ် ၁၃၀၀၀၀ မဖြစ်မနေ ဝင်ရောက်ရမယ့် ဉပဒေကြမ်းတစ်ရပ်ကို ရုရှား အာဏာရှင် ဗလာဒီမာပူတင်က လက်မှတ်ရေးထိုးလိုက်ပြီလို့ နိုင်ငံပိုင် RIA Novosti သတင်းဌာနက ဖော်ပြပါ တယ်။
ရုရှားနိုင်ငံဟာ နွေဉီးရာသီနဲ့ ဆောင်းဉီးရာသီမှာ ဉပဒေကြမ်းနှစ်ခု ပြဌာန်းလေ့ရှိပြီး သမ္မတ ဗလာဒီမာပူ တင် လက်မှတ်ရေးထိုးလိုက်တဲ့ ယခုဉပဒေက အောက်တိုဘာလမှ ဒီဇင်ဘာလအထိ အသက်ဝင်မှာဖြစ်ပါတယ်။
ရှေ့တန်းစစ်မျက်နှာပြင်မှာ သေကြေဆုံးရှုံးမှု များပြားတာကြောင့် ရုရှားနိုင်ငံက တပ်သားသစ်အများအ ပြားကို အဓမ္မ အင်အားသစ်စုဆောင်းတာ ပြုလုပ်တော့မယ်လို့ ယူကရိန်း စစ်ဉီးစီးချုပ်ရုံးက စက်တင်ဘာလ ၁၁ ရက်မှာ ကြေညာခဲ့ပါတယ်။
အဆင့်မြင့်အရာရှိအဆင့်တွေ ဘက်ပြောင်းခိုလှုံတာ ရုရှားစစ်တပ်ရဲ့ စိတ်ဓာတ်ပိုင်းယိုယွင်းမှုနဲ့ တိုက်ခိုက် လိုစိတ်မရှိမှုကို ပြသနေတာလို့ ဗြိတိန် ထောက်လှမ်းရေးဌာနက ယခင် အကဲဖြတ်ခဲ့ပါတယ်။ ရှေ့တန်းစစ်မျက်နှာ ပြင်မှာ ရုရှားတပ်ဖွဲ့တွေဟာ လေ့ကျင့်မှုနဲ့ စိတ်ဓာတ်အင်အား ကင်းမဲ့နေတာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပင် စစ်တပ်အတွင်း လစာမြင့်မားမှုနဲ့ ထပ်ဆောင်းထောက်ပံ့မှုတွေက ချွတ်ခြုံကျဒေသ တွေမှာ နေထိုင်သူတွေအတွက် ရုရှားစစ်တပ်သို့ဝင်ရောက်ဖို့ မက်လုံးကောင်းတွေ ဖြစ်နေဆဲဖြစ်ပါတယ်။
ရုရှားအစိုးရက ဇူလိုင်လ ၂၅ ရက်မှာ စစ်မှုထမ်းရမယ့်အသက်နဲ့ဆိုင်တဲ့ဉပဒေကို ပြင်ဆင်ခဲ့ပါတယ်။ အဆို ပါဉပဒေအရ အသက် ၁၈ နှစ်မှ ၃၀ နှစ်အထိ အမျိုးသားတွေဟာ စစ်တပ်မှာ တာဝန်ထမ်းဆောင်နိုင်ပါတယ်။
ကိုးကား – The New Voice of Ukraine
Ref; Putin signs decree to draft 130,000 conscripts