ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃၀ ရက်

တရုတ်က နိုင်ငံငယ်တွေအပေါ် အနိုင်ကျင့်သလို ပြုမူဆက်ဆံနေတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ဂီလ်ဘာတိုတီယိုဒိုရိုဂျူနီယာက သီးသန့်အင်တာဗျူးတစ်ခုအတွင်း ပြောကြားခဲ့ပြီး တောင်တရုတ်ပင်လယ်အ တွင်း တရုတ်နိုင်ငံရဲ့ ပိုင်နက်နယ်မြေတိုးချဲ့မှုကို ရင်ဆိုင်ဖို့ ဖိလစ်ပိုင်နဲ့ အခြားနိုင်ငံတွေကို သတိပေးလိုက်ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေတွေကို ကာကွယ်ဖို့ ဖိလစ်ပိုင်နိုင်ငံက ထုတ်ဖော်ပြောပြီး နောက် သူက အခုလို မှတ်ချက်ပြုတာဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေ အငြင်းပွားမှုကြောင့် တရုတ်နဲ့ဖိလစ်ပိုင်ကြား နှစ်ပေါင်း များစွာကြာအောင် တင်းမာမှုတွေ ဖြစ်ပွားနေစဉ် ဒီနှစ်နွေရာသီအတွင်း ထိပ်တိုက်တွေ့ဆုံမှုတွေက အမေရိကန်နိုင် ငံပါဝင်တဲ့ ပဋိပက္ခတစ်ခု ဖြစ်လာနိုင်ပါတယ်။
အထူးသီးသန့်ဇုန် ရေမိုင် ၂၀၀ အတွင်းရှိ ရေပိုင်နက်အတွင်း ပြန်ဆုတ်ပေးဖို့ ဖိလစ်ပိုင်နိုင်ငံက ငြင်းဆန်ခဲ့ တယ်လို့ ဂီလ်ဘာတိုတီယိုဒိုရိုဂျူနီယာက ပြောပါတယ်။

“ဖိလစ်ပိုင်နိုင်ငံက ကျွန်းစုနိုင်ငံတစ်ခုအနေနဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်နေပါတယ်။ ဒီလိုတိုက်ပွဲဝင် တာ ကျွန်တော်တို့အတွက် မဟုတ်ဘဲ အနာဂတ်မျိုးဆက်တွေအတွက် ဖြစ်ပါတယ်” လို့ မနီလာမြို့တော်၊ ကာ ကွယ်ရေးဝန်ကြီးဌာနမှာပြုလုပ်တဲ့ အင်တာဗျူးအတွင်း သူက ပြောကြားခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း အချုပ်အချာအာဏာနဲ့ ပင်လယ်ရေကြောင်း အကျိုးစီးပွားတွေကို ကာ ကွယ်စောင့်ရှောက်နေတယ်လို့ တရုတ်နိုင်ငံက ပြောကြားပြီး ရန်စမှုတွေပြလုပ်ရင် ဒုက္ခရောက်မယ်လို့ ဖိလစ်ပိုင် နိုင်ငံကို သတိပေးခဲ့ပါတယ်။

ဒေသတွင်း မိတ်ဖက်တွေအပါအဝင် နိုင်ငံငယ်တွေဟာ ရှင်သန်ဖို့အတွက် နိုင်ငံတကာဉပဒေအပေါ် မှီခိုရ တယ်လို့ ဂီလ်ဘာတိုတီယိုဒိုရိုဂျူနီယာက ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံက တရုတ်နဲ့ စစ်မဖြစ်လိုပေမယ့် တရုတ်နိုင်ငံရဲ့ အနိုင်ကျင့်မှုကို ရင်ဆိုင်ရတယ်လို့ သူက အခိုင်အမာဆိုပါတယ်။

ကိုးကား – CNN
Ref; Philippine defense secretary vows to stand up to ‘bully’ China

#Ayeyarwaddy_Times