ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃၀ ရက်

အာဏာသိမ်းမှုဆန့်ကျင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက မြန်မာ့ပိုင်နက်နယ်မြေ ၆၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပြီး စစ်ကောင်စီရဲ့ အရေးပါတဲ့ ခြေကုပ်နယ်မြေတွေကိုပင် ခြိမ်းခြောက်နေပြီလို့ အမျိုးသားညီ ညွတ် ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့ ပြည်သူ့ခုခံစစ်ပွဲ စတင်ခဲ့တာ ၂ နှစ်ကျော် ရှိလာခဲ့ပါပြီ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်မှုက ရလဒ်ကောင်းတွေ ရရှိနေပါတယ်။ ကျွန် တော်တို့ အခုဆိုရင် နေပြည်တော်ကိုပင် ခြိမ်းခြောက်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီး လက စက်တင်ဘာလ ၂၉ ရက်က အင်တာဗျူးတစ်ခုအတွင်း ပြောပါတယ်။

စစ်ကောင်စီက အရေးပါတဲ့ မြို့တော်ကြီးတွေကို ထိန်းချုပ်ထားဆဲဖြစ်ပေမယ် တိုင်းပြည်ရဲ့ ပိုင်နက်နယ် မြေ ၁၇ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်နိုင်တော့တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူတွေနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့တစ် ဖွဲ့ရဲ့ အကဲဖြတ်မှုက ဖော်ပြပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ နိုင်ငံရေး အကျဉ်း သားအားလုံး လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း အ တည်ပြုခဲ့ပါတယ်။

တရုတ်၊ ရုရှားနဲ့ အိန္ဒိယက အဆိုပါ ဆုံးဖြတ်ချက်မူကြမ်း မဲခွဲရာမှာ ကြားနေမဲပေးခဲ့ပေမယ့် အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ စီးပွားရေး ဒဏ်ခတ်အရေးယူမှုတွေကြောင့် စစ်ကောင်စီရဲ့ ဝင်ငွေရနိုင်စွမ်းဟာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေ အရှိန်မြှင့်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီလနဲ့ ၂၀၂၃ ခုနှစ် ဇူ လိုင်လကြား လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၇၀၀ နီးပါး လုပ်ဆောင်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတပ်ခ်က ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဒီနှစ်အတွင်း စစ်ကောင်စီစခန်း ၁၀၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲ ထောင်ချီ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၀၀၀ ကို ဘက်ပြောင်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဆိုပါတယ်။

“အစိုးရရုံးအသီးသီးရှိ သတင်းတွေတွေကတစ်ဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ CDM လုပ်ဖို့ ကြိုးပမ်းနေ တာကို မြင်တွေ့ရတာ အားရစရာပါ။ စစ်ကောင်စီ ဗိုလ်မှူးချုပ်အချို့ CDM လုပ်ဖို့ ဆွေးနွေးနေတာတွေ ရှိပါတယ်” လို့ သူက ပြောပါတယ်။

ဖြုတ်ချခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှု အနည်းငယ်သာရှိတယ်လို့ သူက ဆက်ပြောပါတယ်။

အသက် ၇၈ နှစ်အရွယ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလျင်ပင် စစ် အာဏာရှင် တော်လှန်ရေးလမ်းကြောင်း မပြောင်းလဲသွားဘူးလို့ သူက အခိုင်အမာဆိုပါတယ်။

ကိုးကား – Bangkok Post
Ref; Myanmar resistance claims it holds 60% of territory

#Ayeyarwaddy_Times