ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၃၀ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် စက်တင်ဘာလ ၂၈ ရက်နေ့က စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့များက နေအိမ် ၆ လုံးကို တစ်ရက်အတွင်းလိုက်လံ ချိပ်ပိတ်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြခဲ့သူများနှင့် ဒေသခံအချို့၏ နေအိမ်များကို PDF များအား ထောက်ပံ့ပေးနေသည်ဆိုသည်စွပ်စွဲချက်ဖြင့် ချိပ်ပိတ်ခဲ့ကြောင်း ဒေသခံများမှပြောသည်။

” PDF တွေကို လက်နက်ထောက်ပံနေတယ်ဆိုပြီး စွပ်စွဲခံရတာ။သာမာန် လက်လုပ်လက်စားတွေပဲ၊ အဖမ်းခံရမှာကြောင်လို့ ရှောင်တိမ်းနေရတဲ့သူတွေရဲ့ နေအိမ်တွေလည်းပါတယ်”ဟု ဒေသခံတစ်ဦးကဧရာ၀တီတိုင်းမ်ကို ပြောသည်။

မတရားအမှုဆင်ဖမ်းဆီးခံရပြီး လက်ရှိတွင်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပပုဒ်မများနှင့်တရားစွဲဆိုထားသည့် ရေကြည်မြို့ ဒေသခံအမျိုးသား ၆ ဦး၏ နေအိမ် (၅) လုံးနှင့် ခြံတစ်ခု ချိပ်ပိတ်ခံခဲ့ရပြီး လက်ရှိနေထိုင်နေသော မိသားစုဝင်တွေအားလုံးကို ဖယ်ရှားခိုင်းလိုက်ကြောင်း သိရှိရသည်။

ဧရာ၀တီတိုင်းတွင် စက်တင်ဘာလအတွင်းတ တိမ်းရှောင်နေရသောဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ကိုကူညီသည်ဟုစွပ်စွဲခံထားရသူများ၏ နေအိမ် စုစုပေါင်း ၂၀ ကျော်ကို စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

#ရေကြည်မြို့နယ် #နေအိမ်ချိပ်ပိတ် #ဒေသခံ #စစ်ကောင်စီတပ် #Ayeyarwaddy_Times