ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၀ ရက်

ဗိုလ်မှူးချုပ် စောနယ်ဒါးမြ စစ်ဦးစီးချုပ်အဖြစ် လက်မှတ်ရေးထိုးကာ ယမန်နေ့ ဇူလိုင်လ ၁၉ ရက်က ကော်သူးလေ တပ်မတော်ထူထောင်မှုကို ကရင်လွတ်မြောက်ရေးတပ်မတော် -KNLA နဲ့ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့- KNDO တို့က လက်ခံမှုမပြုကြောင်း ယနေ့ ဇူလိုင်လ ၂၀ ရက်တွင်ထုတ်ပြန်သည်။

KNU ကရင်အမျိုးသားအစည်းအရုံး၏လမ်းညွှန်မှု KNLA / KNDOခေါင်းဆောင်များ၏ ဆန္ဒသဘောထားမပါရှိဘဲ တစ်စုတစ်ဖွဲ့၊တစ်ဦးတစ်ယောက်၏ ဆန္ဒသဘော ထားဖြင့်သာ ဖွဲ့စည်းသော ယခု ကော်သူးလေတပ်မတော်ကို (KNLA/KNDO) တပ်မတော်အနေဖြင့် လုံးဝလက်ခံအသိအမှတ်ပြုမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။