ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၀ ရက်

စစ်ကိုင်းတ်ိုင်း၊ယင်းမာပင်မြို့နယ်၊ဘန့်ဘွေးရွာက စစ်ကောင်စီနဲ့ပျူစောထီးများကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီအင်အား ၂ဝ ကျော်ကို ဒီကနေ့နံနက် ၈ နာရီ ၃၀ မီးနစ်တွင် မိုင်းဆွဲတ်ိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သားများ အများအပြားထိခိုက်သေဆုံးနိုင်တယ်လို့ ချိုမိုင်မိုင် တပ်ဖွဲ့ထံကသိရပါတယ်။

၎င်း တိုက်ခိုက်မှုတွင် “ချိုမိုင်မိုင်” ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစုနှင့်အတူ Yinmabin Local PDF၊‌ မြောက်ယမားပြည်သူ့ကာကွယ်ရေးအဖွဲ့၊Chindwin Galone Yarzar Guerrilla Defence Force၊သေမင်းတမန်အဖွဲ့၊ Alpha Special Force၊TOF Monywa တို့ ပူးပေါင်းတိုက်ခိုက်တာဖြစ်ပါတယ်။

“နံနက် ၁၀ နာရီး ၃၀ မီးနစ် တွင်တစ်ကြိမ်၊ ၁၁ နာရီ တစ်ကြိမ် ငါးမိုင်တိုးဂိတ်အရှေ့ဘက်မှာ နှစ်ကြိမ် စုစုပေါင်းသုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားများကို KLG ကျောက်လုံးကြီးအဖွဲ့နှင့် Dargon brothers Task Force တို့ကလဲ အဝေးပစ်လောင်ချာများနှင့်လဲပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်” လို့ ချိုမိုင်မိုင် တပ်ဖွဲ့ဝင်များက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်ဘက်က သေဆုံးမှုများပြာခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဘကိကလည်း တပ်ဖွဲ့ဝင် တဦး ကျဆုံးခဲ့ပါသေးတယ်လို့ ကားကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောပါတယ်။