ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃၀ ရက်
ပြည်တွင်းသို့နိုင်ငံခြားခရီးသွားများဝင်ရောက်စေရန်စစ်ကောင်စီကြိုးစားနေပြီးနောက်ပိုင်းတွင် မြန်မာနှင့် ဟောင်ကောင်ကြား ခရီးသည်တင်နှင့် ကုန်စည်တင်လေကြောင်းလိုင်းခရီးစဉ်ပြေးဆွဲမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သတင်းရရှိသည်။
မြန်မာနိုင်ငံနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတို့ကြား လေကြောင်းလိုင်းများ အပြန်အလှန်ပျံ သန်းနိုင်ရန် လေကြောင်းပို့ဆောင်ရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။
အာဏာသိမ်းကာလအတွင်း မြန်မာနှင့် ရုရှားနိုင်ငံ လေကြောင်းပျံသန်းမှုခရီးစဉ်စတင်ပြီးနောက် ဟောင်ကောင်သည် ဒုတိယမြောက်ပျံသန်းမည့်လေကြောင်း
ခရီးစဉ်ဖြစ်လာသည်။
ထို့အပြင် ဟောင်ကောင်မြို့ရှိ Hong Kong International Avia-tion Academy သို့ စစ်ကောင်စီဝန်ကြီး သွားရောက်လေ့လာကြပြီး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးကြောင်းသိရသည်။
ခရီးသွားလုပ်ငန်းမှအလုပ်အကိုင်ရှိရန် အသက်မွေး ဝမ်းကျောင်းသင်တန်းများတွင် ရင်းနှီးမြှပ်နှံကြရန်အပါအဝင် ရေရှည်တိုးတက်ရေးရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
ယင်းပြင် နိုင်ငံ့စီးပွားရေးပြန်လည်ဦးမော့လာစေရန်အတွက် ခရီးသွားလုပ်ငန်းကအထောက်အကူပြုစေမည်ဖြစ်ပြီး ခရီးသည်ဝင်ရောက်မှုတိုးတက်များပြားစေရန် ကမ္ဘာလှည့် e – visa ကိုခွင့်ပြုထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် အန္ဒိယနှင့် တရုတ်နိုင်ငံသားများကို ဆိုက်ရောက်ပြည်ဝင်ခွင့် ( Visa on Arrival) ထုတ်ပေးကြောင်းသိရသည်။
ယခင်က နိုင်ငံတကာလေကြောင်းလိုင်း ၃၉ ခု ဆိုက်ရောက်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၂၀၂၂ ခုနှစ် ဧပြီလပိုင်းတွင် ဖွင့်လှစ်ပြီး နိုင်ငံတကာလေကြောင်းလိုင်းများဆိုက်ရောက်ခွင့်ပြုထားကြောင်း
လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှ သတင်းရရှိသည်။
မြန်မာနိုင်ငံ၌ စစ်တပ်အာဏာသိမ်းမှုကို ခုံခံစစ်တိုက်ပွဲဆင်နွှဲနေချိန်စစ်ပွဲများကြား ပြည်တွင်း၊ပြည်ပခရီးသွားများလုံခြုံမှုရှိစွာလည်ပတ်နိုင်မည်မဟုတ်ပေ။
#လေကြောင်းလိုင်း #မြန်မာ #ဟောင်ကောင်
#ခရီးသွားကဏ္ဍ #Ayeyarwaddy_Times