ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၉ ရက်

ထိုင်းမူးယစ်ရဲတပ်ဖွဲ့ဟာ ထိုင်းနိုင်ငံသမိုင်းမှာ အကြီးမားဆုံး မူးယစ်ဆေးဖမ်းဆီးရမှုဖြစ်တဲ့ အမေရိကန် ဒေါ်လာ ၈ သန်းတန်ကြေးရှိ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။

မကြာခဏဆိုသလို ဖြိုခွင်းမှုတွေ ပြုလုပ်လင့်ကစား ထိုင်း၊ မြန်မာနဲ့ လာအိုနိုင်ငံတို့ နယ်နိမိတ်ထိစပ်ရာ ရွှေတြိဂံဒေသဟာ မူးယစ်ဆေးဝါးမှောင်ခိုမှု အထူးသဖြင့် မီသာဖက်တမင်းတွေ ထုတ်လုပ်ရာနေရာတစ်ခု ဖြစ်ပါ တယ်။

ထိုင်းမူးယစ်ရဲတပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာလ ၂၇ ရက်ညပိုင်းက နာခွန်ပသွန်မြို့လယ်ရှိ အဆောက်အ အုံတစ်လုံးကို စီးနင်းခဲ့ပြီး လူ ၄ ဉီးကို ဖမ်းဆီးကာ ပမာဏများပြားတဲ့ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိခဲ့ပါ တယ်။

“ဒါဟာ ထိုင်းနိုင်ငံသမိုင်းမှာ ပမာဏအများဆုံး မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပါ တယ်” လို့ အသစ်ခန့်အပ်ခံရတဲ့ ရဲတပ်ဖွဲ့အကြီးအကဲ တော်ဆတ်ခ်ဆူကွီမိုလ်က ပြောပါတယ်။

ထိုင်းမူးယစ်ရဲတပ်ဖွဲ့ဝင်တွေဟာ ဒေသတွင်း ထုတ်လုပ် အသုံးပြုနေတဲ့ မီသာဖက်တမင်းခေါ် ယာဘဆေး ပြား ၁၅ သန်းခန့် တွေ့ရှိခဲ့တယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးပြား သန်း ၅၄၀ ဝန်းကျင် ဖမ်းဆီးရမိခဲ့ရာ ၂၀၁၇ ခုနှစ် က ဖမ်းဆီးရမိတာထက် နှစ်ဆကျော်ဖြစ်တယ်လို့ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်တွေကို သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးတွေိကို မူးယစ်မှောင်ခိုသမား တွေထံ မပေးပို့မီ မူးယစ်ဂိုဏ်းတွေက ယာယီ သိမ်းဆည်းထားတာလို့ ထိုင်းရဲအရာရှိတွေက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ မက်သာဖက်တမင်းပုံဆောင်ခဲ ၄၀၀ ကီလိုဂရမ်နဲ့ ဘိန်းဖြူ ချောင်း ၄၅၀ နီးပါးလည်း ပါဝင်တယ်လို့ ဗိုလ်ချုပ်ကြီး တော်ဆတ်ခ်က ပြောပါတယ်။

“ကျွန်တော်တို့ သူတို့ကို ၂ နှစ်ကြာအောင် စောင့်ကြည့်နေခဲ့ပြီး မူးယစ်ဆေးဝါးတွေ သိုလှောင်တဲ့အိမ်ကို ရှာဖွေဖို့ ကြိုးပမ်းခဲ့တာပါ” လို့ သူက ပြောပါတယ်။

ကိုးကား – AFP
Ref; Thai police seize drugs worth $11m in one of nation’s largest drug hauls

#Ayeyarwaddy_Times