ဧရာဝတီတိုင်းမ်
ဘူးသီးတောင်၊ စက်တင်ဘာလ ၂၉ ရက်
ရခိုင်ပြည်၊ဘူးသီးတောင်မြို့နယ်မှာ စစ်ကောင်စီ၊အာဆာနဲ့ ULA/AA တပ်ဖွဲ့တွေက ကျေးရွာတချို့ကို ဝင်ရောက်စစ်ဆေးတာတွေရှိနေတယ်လို့ ဆိုကြပါတယ်။
ဘူးသီးတောင်မြို့နယ်၊အာကာပျံနဲ့စိမ့်ညှင်းပြားကျေးရွာအနီးက မေယုတောင်ကြောမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က AA နဲ့ARSAတို့ တိုက်ပွဲဖြစ်ပြီးတဲ့နေ့ကစလို့ ခုလို လက်နက်ကိုင်အဖွဲ့တွေ မကြာခဏဆိုသလို ကျေးရွာတွေကို ရှောင်တခင် ဝင်ရောက် စစ်ဆေးနေကြတာလို့ ဒေသခံကျေးရွာသားတွေက ဆိုကြပါတယ်။
ARSAက ရိုဟင်ဂျာကျေးရွာတွေကို စည်းရုံးရေးတွေ လာလုပ်နေတာတွေရှိပြီး သူတို့ကိုဆန့်ကျင်သူရှိပါကပြန်ပေးဆွဲမှုတွေ လုပ်နေတာတွေလည်း ရှိနေတ ယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက ဆိုကြပါတယ်။
” မင်းတို့တွေငါတို့ကိုထောက်ခံရမယ်။ရိက္ခာထော က်ပံ့ရမယ်။ဒါဆိုရင်မင်းတို့အေးအေးချမ်းချမ်းနေကြရမယ်ဆိုပြီးခြိမ်းခြောက်စည်းရုံးကြတာ။အဲ့ဒီတိုက်ပွဲမဖြစ်ခင်တည်းက ARSAတွေ ဘူးသီးတောင်မြို့ရပ်ကွက်တချို့တွေနဲ့ ရိုဟင်ဂျာကျေးရွာတွေကိုဝင်ပြီး စည်းရုံးတာတွေပြုလုပ်လို့ရှိခဲ့တယ်။ခုနော က်ပိုင်း ပိုပြီးဝင်ရောက်စည်းရုံးလာကြတယ်။တခါတလေ ရွာထဲတွေမှာ ညအိပ်သွားတာတွေလည်းရှိတယ်။”လို့ ဘူးသီးတောင်မြို့နယ်၊ဦးလှဖေကျေး ရွာသားတစ်ဦးက ပြောပါတယ်။
ရက္ခိုင့်တပ်တော်(AA )ကလည်း နယ်မြေရှင်းလင်းရေးဆိုပြီး ကျေးရွာတွေကို ဝင်ရောက်စစ်ဆေးမှုတွေ များပြားလာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ရခိုင်မှာ တကျော့ပြန် တိုက်ပွဲတွေဖန်တီးလာတဲ့ ARSA အကြမ်းဖက်အဖွဲ့တွေကိုရက္ခိုင့်တပ်တော်မှ ပြီးခဲ့တဲ့ သြဂုတ်လကစလို့ နယ်မြေရှင်းလင်းမှုတွေနဲ့ ကျေးရွာတွေကို ဝင်ရောက်မေးမြန်းမှုတွေရှိနေတယ်လို့ ကျေးရွာသားတွေက ဆိုကြပါတယ်။
“အာဆာတွေလာသေးလား။အဖွဲ့ဝင်တွေရှိလား။ဆ က်စပ်နေသူတွေရှိလား။အာဆာတွေဝင်လာရင် သ တင်းပေးဆိုပြီးပြောကြတယ်။”လို့ ဘူးသီးတောင်မြို့နယ်မှရွာသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း အေအေတပ်ဖွဲ့ဝင်တွေဝင်ရောက်စစ်ဆေးခဲ့တဲ့ ကျေးရွာတွေကို ဝင်ပြီးရွာသားတွေကို မေးမြန်းစစ်ဆေးလာတာတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။
“AAက စစ်ဆေးလို့ထွက်သွားတာသိပ်ကြာဘူး။စစ် တပ်ကရောက်လာပြီးမေးမြန်းတာတွေရှိတယ်။AA ဘာပြောသွားလဲ။ဘယ်လို ပြောသွားလဲ။သူတို့ပြောတာတွေမယုံနဲ့။သူတို့ကိုမထောက်ခံနဲ့ဆိုပြီး မေးမြန်းစစ်ဆေးတယ်။”လို့ ဝါးရကျွန်းဒူးတန်းကျေးရွာသားတစ်ဦးက ပြောပါတယ်။
အဲဒီလိုအဖွဲ့သုံးဖွဲ့လုံးမေးမြန်းစစ်ဆေးခံနေကြရတာကြောင့် ဒေသခံတွေ စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ဆိုကြပါတယ်။
” ARSAက ခြိမ်းခြောက်လိုက်၊AAကဝင်စစ်လိုက်၊ စစ်တပ်ကဝင်မေးလိုက်ဖြစ်နေတာဆိုတော့ ဘယ်သူ့စကားကိုနားထောင်ရမယ်မသိတော့ဘူး။နေရထိုင်ရကျဉ်းကျပ်လာတယ်။”လို့ ဝရကျွန်းကျေးရွာသားကပြောပါတယ်။
အဲဒီအပြင် စက်တင်ဘာလ ၂၀ရက်နေ့နဲ့၂၂ရက်တွေမှာ ARSAနဲ့ဆက်စပ်သံသယရှိသူ၆ ဦးကို ရက္ခိုင့်တ ပ်တော်က စစ်ဆေးဖို့ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ကထုတ်ပြန်ထားတာမရှိသေးသလို အတည် ပြုနိုင်ဖို့ တာဝန်ရှိသူတွေကို စုံစမ်းမေးမြန်းနေဆဲဖြစ်ပါတယ်။
(ရခိုင်က စစ်ကောင်စီတပ်သားတွေကိုတွေ့ရစဉ်။)
(ယခုသတင်းအား Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)
#Ayeyarwaddy_Times