ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၉ ရက်

တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တားနိုင်ဖို့ ကာကွယ်ရေးစွမ်းပကားတွေ တိုးမြှင့်ဖို့ကြိုးပမ်းနေ တဲ့ ထိုင်ဝမ်က ပထမဆုံးသော ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောကို ထုတ်ဖော်ပြသလိုက်ပါတယ်။

ထိုင်ဝမ်ကို တရုတ်ပြည်မကြီးနဲ့ ပြန်လည်ပူးပေါင်းဖို့ ကြိုးပမ်းနေတဲ့ တရုတ်နိုင်ငံက မကြာသေးမီနှစ်တွေ အတွင်း ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး ထိုင်ဝမ်ကို ဖိအားပေးလာပါတယ်။

ထိုင်ဝမ်က အရေးပါတဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန်နိုင်ငံထံမှ စစ်ရေးကိရိယာတွေ ဝယ်ယူဖို့ ၂၀၂၄ ခုနှစ် အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ဒေါ်လာ ၁၉ ဘီလီယံအထိ တိုးမြှင့်ခဲ့ပေမယ့် ရေငုပ်သင်္ဘောတစ်စင်း တည် ဆောက်ဖို့က အတားအဆီးတွေ ကြုံတွေ့ခဲ့ရပါတယ်။

“Hai Kun” လို့ ခေါ်ဆိုတဲ့ ပထမဆုံးသော ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောရေချပွဲကို ထိုင်ဝမ်တောင်ပိုင်း ဆိပ်ကမ်းမြို့တော် Kaohsiung မှာ ယနေ့ အခမ်းအနားတစ်ခုနဲ့ ကျင်းပခဲ့ပါတယ်။

“သမိုင်းက ဒီနေ့ကို အမြဲ သတိရနေပါလိမ့်မယ်” လို့ ထိုင်ဝမ်အလံ လွှင့်ထူထားတဲ့ ရေငုပ်သင်္ဘောရှေ့မှာ ရပ်ပြီး ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က ပြောပါတယ်။

Hai Kun ရေငုပ်သင်္ဘောဟာ အလျား ၈၀ မီတာရှိပြီး အလေးချိန် တန် ၂၅၀၀ မှ ၃၀၀၀ အထိရှိကာ အမေ ရိကန် ကာကွယ်ရေးကုမ္ပဏီ လောဟိမာတင်ထံမှရရှိတဲ့ တော်ပီဒိုတွေ တပ်ဆင်ထားပါတယ်။

Hai Kun ရေငုပ်သင်္ဘောကို ယခုအခါ ပင်လယ်ပြင်မှာ စမ်းသပ်မောင်းနှင်နေပြီး ၂၀၂၅ ခုနှစ်မှစပြီး အသုံး ပြုနိုင်မယ်လို့ ဆိုင်အင်ဝမ်က ပြောပါတယ်။

လက်ရှိ ထိုင်ဝမ်ရေတပ်မှာ ၁၉၈၀ ခုနှစ်တွေအတွင်း နယ်သာလန်နိုင်ငံမှ ဝယ်ယူထားတဲ့ Swordfish အတန်းအစား ရေငုပ်သင်္ဘော ၂ စင်း ရှိပါတယ်။

ကိုးကား – The Straits Times
Ref; Taiwan unveils first domestically built submarine

#Ayeyarwaddy_Times