ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၈ ရက်

အာဏာသိမ်းမှုဆန့်ကျင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ချေမှုန်းဖို့ ရုန်းကန်နေရတဲ့ မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့နှစ်အတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အသုံးပြုတာ အရှိန်မြှင့်ခဲ့ တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလနဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တိုးလာခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNOHCHR) က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

လူ ၁၀ ဉီးအထက် သတ်ဖြတ်ခံရတဲ့အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် ၂၂ ခုကို စုံစမ်းစစ်ဆေးရေး မှူးတွေက မှတ်တမ်းတင်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး ဗော်ကာတပ်ခ်က ပြောပါ တယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တော်လှန်ရေးတပ်ဖွဲ့တွေကို ထောကခံတယ်လို့ သံသယရှိတဲ့ရွာတွေမှာ မုဒိမ်းမှုတွေ၊ တရားလက်လွတ် သတ်ဖြတ်မှုတွေ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့တယ်လို့ UNOHCHR က ဆိုပါတယ်။

ဒီနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အတိုက်အခံတွေကို နှိမ်နင်းမယ့် ‘ဖြတ် ၄ ဖြတ်’ မဟာဗျူဟာ အရ နေအိမ်နဲ့ အဆောက်အအုံ ၂၄၀၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူ ၂၄၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ပြည်တွင်း စောင့်ကြည့်ရေးအဖွဲ့ တစ်ခုက ပြောပါတယ်။

အကျဉ်းထောင်တွေအတွင်း သို့မဟုတ် အကျဉ်းထောင်ပြောင်းရွှေ့ချိန်မှာ အကျဉ်းသားတွေ နှိပ်စက်ခံရ တာ၊ လိင်အကြမ်းဖက်ခံရတာနဲ့ သေဆုံးတဲ့ဖြစ်စဉ်တွေကို ပုံမှန်ဆိုသလို လက်ခံရရှိခဲ့တယ်လို့ UNOHCHR က ပြောပါတယ်။

မြန်မာစစ်တပ်က အတိုက်အခံတွေနဲ့ ထိတွေ့ဆက်ဆံဖို့ ငြင်းဆန်တာကြောင့် အာဆီယံအဖွဲ့ရဲ့ မြန်မာ့အ ရေး အဆုံးသတ်ဖို့ သံတမန်ရေး ကြိုးပမ်းမှုတွေက အချည်းနှီးဖြစ်ခဲ့ရပါတယ်။

ကိုးကား – The Defence Post
Ref; Myanmar Junta Ramped Up Mass Killings, Air Strikes: UN Rights Office

#Ayeyarwaddy_Times