ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၀ ရက်

ကာတာဆက်သွယ်ရေးကုမ္ပဏီ အော်ရီဒူးက မြန်မာနိုင်ငံရှိ လုပ်ငန်းခွဲကို ရောင်းချဖို့ ဆွေးနွေးလျက်ရှိရာ မြန်မာနိုင်ငံမှာ နောက်ဆုံးကျန်ရှိတဲ့ ပြည်ပဆက်သွယ်ရေးလုပ်ငန်း ထွက်ခွာမှုဖြစ်လာမယ်လို့ ရိုက်တာသတင်းဌာ နက ဖော်ပြပါတယ်။

အော်ရီဒူးက မြန်မာ့စာတိုက်နှင့်ဆက်သွယ်ရေးလုပ်ငန်းသို့ သုံးစွဲသူ ၁ သန်းနီးပါးရှိတဲ့ မြန်မာနိုင်ငံရဲ့ တ တိယအကြီးမားဆုံး ဆက်သွယ်ရေးလုပ်ငန်းခွဲ ရောင်းချမည့်အစီအစဉ်ကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ အလားအလာရှိတဲ့ ဝယ်ယူမယ့်ကုမ္ပဏီတွေထဲမှာ စင်ကာပူအခြေစိုက်ကုမ္ပဏီ Young Investment Group နဲ့ ရွှေသံလွင်ဂရုက ပိုင်ဆိုင်တဲ့ စကိုင်းနက်တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဆွေးနွေးမှုက အပြီးသတ်အဆင့် မရောက်သေးဘူးလို့ သိရပါတယ်။ အော်ရီဒူးကုမ္ပဏီကို စျေးနှုန်းဘယ် လောက်နဲ့ ရောင်းချမယ်ဆိုတာကိုတော့ သတင်းရင်းမြစ်တွေက လျှို့ဝှက်ချက်တွေမို့ ပြောမပြပါဘူး။ အော်ရီဒူးကုမ္ပဏီက မြန်မာနိုင်ငံမှာ ဘယ်လောက်အထိ ရင်းနှီးမြှုပ်နှံထားတယ်ဆိုတာကို ရိုက်တာသ တင်းဌာနက မသိရပါဘူး။ အော်ရီဒူးကုမ္ပဏီက ဒီနှစ်အတွင်း သုံးစွဲသူ ကိုးသန်းနဲ့ ဝင်ငွေ သန်း ၃၃၀ ခန့်ရှိတယ်လို့ သိရပါတယ်။

ဒီနှစ် မတ်လအတွင်း နော်ဝေဆက်သွယ်ရေးလုပ်ငန်း တယ်လီနော ထွက်ခွာသွားပြီးတဲ့နောက် အော်ရီဒူး ဟာ မြန်မာနိုင်ငံမှာ နောက်ဆုံးကျန်ရှိနေတဲ့ ပြည်ပပိုင် ဆက်သွယ်ရေးကုမ္ပဏီဖြစ်ပါတယ်။

ကိုးကား – CNA
Ref; Qatar telecoms firm Ooredoo in talks to sell its Myanmar unit – sources