
ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၀ ရက်
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အခြေစိုက်ဖြစ်သည့် YOMA YAR ZAR ပုလဲတပ်ရင်း ၉ မှ မိုးတွင်းကာလ စားနပ်ရိက္ခာနဲ့ ဆေးဝါးများ အရေးပေါ်လိုအပ်နေတယ်လို့ ပုလဲတပ်ရင် ၉ မှ တပ်ဖွဲ့ဝင်များထံကသိရသည်။ အဆိုပါ YOMA YAR ZAR ပုလဲတပ်ရင်း ၉ သည် ပုလဲမြို့နယ်အခြေစိုက်တပ်ဖွဲ့ဖြစ်ပြီး လက်နက်ကြီးနှင့်လက်နက်ငယ်များ ထုတ်လုပ်ရာတွင် အောင်မြင်နေသည့်အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ ဒေသခံများကပြောသည်။
“မိုးတွင်းကလရောက်လာကတည်းကစပြီး အစားအသောက်ဆေးဝါးအခက်ခဲတွေအပြင် လက်နက်ထုတ်ဖို့ကစ ငွေကြေးလိုတာတွေတော့ အခက်အခဲတွေဖြစ်လာခဲ့တာ။ ကျွန်တော်တို့ကတကယ်မြေပြင်မှာ တိုက်ခိုက်နေရတာပါ။တစ်ချို့ နာမည်ကြီး အလှူခံတွေဆီ အကူညီလေးတွေတောင်းကြည့်တယ် ဒါပေမယ့်အများစုက ကူညီမပေးကြပါဘူး အမှန်တကယ်အရေးပေါ်လိုအပ်နေတဲ့ အခြေအနေပါ”လို့ YOMA YAR ZAR ပုလဲတပ်ရင်း ၉ မှ တပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါတပ်ရင်းကို ဦးဆောင်နေသည့် PDFတပ်ဖွဲ့ဝင်များဟာ တပ်ရင်းရေရှည်ရပ်တည်နိုင်ရေးအတွက် ၎င်းတို့ ပိုင်ဆိုင်သည့် နွား၊ လည်ယာတွေရောင်းချသည်မှာလဲ ကုန်သလောက်ရှိနေပြီလို့ YOMA YAR ZAR ပုလဲတပ်ရင်း ၉ မှ တပ်ဖွဲ့တဦးက ပြောသည်။
စစ်ကိုင်းတိုင်းအတွင် စစ်ကောင်စီနဲ့ဒေသပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် လက်နက်နှင့်ဆေးဝါး၊ရိက္ခာများလိုအပ်နေသည်မှာလည်း တော်လှန်ရေးတပ်ဖွဲ့အများစုရှိနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရပါသည်။
ဓာတ်ပုံ-YOMA YAR ZAR ပုလဲတပ်ရင်း ၉