ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၈ ရက်

အာဏာသိမ်းစစ်ကောင်စီရဲ့ဧရာ၀တီတိုင်း ဝန်ကြီးရုံးထိုင်ရာ ပုသိမ်မြို့တွင် စက်တင်ဘာလ ၂၈ ရက်နေ့အထိ နေ့တိုင်း နေအိမ်များနှင့် ခြံ၀န်းများကို ၀င်ရောက်ပြီး ဆိုင်ကယ်ခိုးယူမှုများ ဖြစ်ပွားခဲ့ပြီး အစီးရေ ၅၀ နီးပါးခိုးယူခံခဲ့ရကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူ များထံမှသိရှိရသည်။

စက်တင်ဘာလ ၂၅ ရက်နေ့က ပုသိမ်တစ်ဘက်ကမ်း သင်္ဘောကျဥ်းရဲစခန်းတွင် ဆိုင်ကယ်လိုက်လံခိုးယူနေသူ အမျိုးသားတစ်ဦးကို ခိုးယူထားသောဆိုင်ကယ်(၈)စီးနှင့် ဖမ်းဆီးရမိထား​သော်လည်း မည်သည့်မြို့နယ်မှ ခိုးယူလာသည်ကို စစ်ဆေးနေဆဲဖြစ်ကြောင်းရဲတပ်ဖွဲ့နင့်နီးစပ်သူများထံမှသိရှိရသည်။

“ရဲကိုတိုင်တာလဲရှိတယ်၊ မတိုင်တာက
ပိုများတယ်။ အရင်က ဈေးတို့ လမ်းပေါ်မှာ ရပ်ထားရင်းပျောက်တာ၊ ခုနောက်ပိုင်း အိမ်နဲ့ခြံတွေအတွင်းထိ၀င်ခိုးတဲ့အထိအတင့်ရဲလာကြတယ် “ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

ပုသိမ်မြို့တွင် စက်တင်ဘာလအတွင်း ခိုးမှု၊လုယက်မှုများပိုများလာပြီး တစ်လအတွင်း ဆိုင်ကယ်အစီးရေ ၅၀ နီးပါး ခိုးယူခံခဲ့ရကာ ဓါးထောက်လုယက်မှုများလည်းဖြစ်ပွားခဲ့ပြီး တရားခံဖမ်းဆီးရမိတာမျိုးမရှိသေးကြောင်း ရဲတပ်ဖွဲ့နဲ့နီးစပ်သူများထံမှသိရှိရသည်။

ပုသိမ်မြို့တွင်နေ့စဥ် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့များအင်အားအများအပြားကင်းလှည့်နေသော်လည်း တော်လှန်ရေးအင်အားစုများကိုသာ အဓိကထားပြီး ဖမ်းဆီးနေတာကြောင့် ခိုဆိုးလုနိူက်တွေနေ့စဥ်ဖြစ်ပွားနေပြီး လောင်းကစား၊ လုယက်မှု၊ မူးယစ်ဆေးဝါးရောင်းချမှုနဲ့ ငွေတုရောင်းချခြင်းလုပ်ငန်းတွေကို ဖော်ထုတ်ဖမ်းဆီးမှုလျော့နည်းလာကြောင်း မြို့ခံများကသုံးသပ်ပြောဆိုသည်။

#ပုသိမ်မြို့ #ဆိုင်ကယ်ခိုးမှု #ဧရာဝတီတိုင်းဝန်ကြီး #စစ်ကောင်စီတပ် #Ayeyarwaddy_Times