
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၈ ရက်
တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ လူမှောင်ခိုကူးမှုတွေကို တားဆီးဖို့ ကြိုးပမ်းမှုတစ်ခုအနေနဲ့ ယူနန်ပြည်နယ်ရှိ အာဏာပိုင်တွေက မြန်မာနယ်စပ်အနီး ကန့်သတ်ဇုန်တစ်ခု ထူထောင် မယ်လို့ ကြေညာလိုက်ပါတယ်။
အောက်တိုဘာလ ၁ ရက်မှစတင်ကာ ထိန်ချုံးမြို့တော်က အဆိုပါကန့်သတ်ဇုန်အတွင်း လူနဲ့ မော်တော် ယာဉ်တွေ ဝင်ရောက်ခွင့် ထိန်းချုပ်မယ်လို့ ဒေသန္တရအာဏာပိုင်တွေရဲ့ ကြေညာချက်အရ သိရပါတယ်။
ကန့်သတ်ဇုန်က နယ်စပ်ဖြတ်ကျော် လူမှောင်ခိုကူးမှုနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက အွန်လိုင်းငွေလိမ်ဂိုဏ်း တွေရဲ့ လှုပ်ရှားမှုအန္တရာယ်ကို လျှော့ချဖို့ လူနဲ့မော်တော်ကားတွေ ဝင်ရောက်မှုကို ခြေရာခံပြီး ထိန်းချုပ်ဖို့ ရည်ရွယ် ပါတယ်။
တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ ပြည်ပငွေလိမ်ဂိုဏ်းတွေကို တိုက်ခိုက်ဖို့ နည်းလမ်းသစ်တွေကို တရုတ် ဉပဒေစိုးမိုးရေးအေဂျင်စီတွေက ကြိုးပမ်းခဲ့ပါတယ်။ ပြည်ပမှ ဖုန်းခေါ်ဆိုမှုအားလုံးကို ပိတ်ပင်ဖို့ တရုတ် မြို့ကြီးတွေရှိ ရဲတပ်ဖွဲ့တွေက ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။
တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး နယ်စပ်တစ်လျောက် ပြည်သူတွေကို လိမ်လည်နေတဲ့ ရာဇဝတ် ဂိုဏ်းတွေကို ဖြိုခွင်းဖို့ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံအခြေစိုက် ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေကို ဖြိုခွင်းဖို့ အထူး ပူးပေါင်းဆောင်ရွက်ရေးယန္တယား တစ်ခုမှတစ်ဆင့် ထိုင်း၊ လာအိုတို့နဲ့ လက်တွဲဆောင်ရွက်ဖို့ တရုတ်နိုင်ငံက ပြီးခဲ့တဲ့လအတွင်း ကတိပြုခဲ့ပါတယ်။
ကန့်သတ်ဇုန်အတွင်း ဝင်ရောက်လိုတဲ့ လူနဲ့မော်တော်ယာဉ်တွေဟာ သွားရောက်မယ့်ရည်ရွယ်ချက် ဖော် ပြထားတဲ့ စာရွက်စာတမ်းတွေ ရရှိရမှာဖြစ်ပြီး ဒေသန္တရ အာဏာပိုင်တွေထံ မှတ်ပုံတင်ရမှာဖြစ်ပါတယ်။
ကန့်သတ်ဇုန်အတွင်း ဝင်ရောက်လာတဲ့ လူနဲ့မော်တော်ယာဉ်တွေကို မှတ်ပုံတင်ဖို့နဲ့ စစ်ဆေးဖို့က ပူးတွဲ နယ်စပ်ကာကွယ်ရေးစခန်းမှ တာဝန်ရှိသူတွေရဲ့ တာဝန်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်ရဲတပ်ဖွဲ့က တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ မြန်မာနိုင်ငံရှိ ရာဇ ဝတ်ဂိုဏ်းတွေကို နှိမ်နင်းမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။
ကိုးကား – South China Post
Ref; China to set up ‘restricted zone’ near Myanmar border to stop human trafficking by cybercrime gangs